သတင်းတို

ခွန်ဆာရဲ့လက်ထောက်ဟောင်း လောင်တာရဲ့ အမှုမှာ ကြံရာပါတွေကို ဖော်ထုတ်နေ

ဘိန်းဘုရင်ခွန်ဆာရဲ့ လက်ထောက်ဖြစ်ခဲ့တဲ့ Lao Ta Saenlee ကို မူးယစ်ဆေးဝါးအမှုနဲ့ မနေ့က ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးပြီနောက် ကြံရာ လူပေါင်း ၁ဝဝကျော်ကို ဖော်ထုတ်ဖို့ ကြိုးစားနေပြီး၊ သူ့ရဲ့ ဂိုဏ်းဝင်တွေဟာ နိုင်ငံထဲမှာသာမက ပြည်ပမှာပါ ရှိနိုင်ကြောင်း မူးယစ်တိုက်ဖျက် ရေးဗျူရိုမှ ရဲဗိုလ်ချုပ် ဆွမ်မိုင် ပြောဆိုချက်ကို ကိုးကားပြီး Bangkok Post သတင်းက ဆိုပါတယ်။

အသက် ၇၉နှစ်အရွယ်ရှိ ခွန်ဆာရဲ့ လက်ထောက်ဟောင်း လောင်တာနဲ့ ဇနီးအပါအဝင် နီးစပ်ရာလူ ၁၂ဦးခန့်ကို မနေ့ကဖမ်းဆီးခဲ့တာဖြစ်ပြီး၊ သားဖြစ်သူ မယ့်အိုင်ခရိုင်ခွဲ အကြီးအကဲဟောင်း Wicharn Saenlee ဖမ်းဆီးခဲ့ရပါတယ်။

အဲဒီလို ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေး ၂၀ ကီလိုဂရမ်ကို တွေ့ရှိတဲ့အပြင်၊ မူးယစ်ဆေးဝါးရောင်းရ ငွေ ဘတ် ၁၁သန်းကိုလည်း သိမ်းဆည်းခဲ့ပါတယ်။

၎င်းနှင့်အတူ ယခုအခါ အဆိုပါ သားအဖ ၂ဦးကို ဘန်ကောက်မြို့တော် ရဲတပ်ဖွဲ့ တိုင်း အမှတ်(၆)မှာ ခေါ်ယူစစ်ဆေး နေပြီး သူတို့သားအဖဟာ ထိုင်း- မြန်မာနယ်စပ်မှာ မူးယစ်ဆေးဝါး အများအပြားကို သိမ်းဆည်းထား တယ်လို့ ရဲတပ်ဖွဲ့က ယူဆပါတယ်။

မယ့်အိုင်ခရိုင်ဟာ မြန်မာနိုင်ဘက်ခြမ်းက ၀ နယ်နဲ့ ကပ်လျှက်တည်ရှိပါတယ်။

ထိုင်းရဲတပ်ဖွဲ့အနေနဲ့ လောင်တာနဲ့ ဖမ်းဆီးထားတဲ့ အပေါင်းအပါတွေကို တရားစွဲဆိုဖို့ သက်သေ အထောက်အထား အများအပြားကိုလည်း ရထားပြီဖြစ်တယ်၊ မူးယစ်ဆေးဝါးရောင်းရငွေသား ဘတ် ၁၁သန်းကို သိမ်းဆည်းရမိထားတယ်လို့လည်း ပြောဆိုသွားပါတယ်။

ဆက်လက်ဖတ်ရှုရန်

ဘိန်းဘုရင်ခွန်ဆာ လက်ထောက်ခေါင်းဆောင်ဟောင်း မူးယစ်မှုဖြင့် ထိုင်းရဲဖမ်းဆီး

Loading