ဘန်ကောက်မြို့ အထင်ကရနေရာများကို ကားဗုံးဖောက်ခွဲမည် ဆိုသည့်သတင်းများ ကြောင့် ထိုင်း အာဏာသိမ်း စစ်ကောင်စီ အမျိုးသား ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကောင်စီ(NCPO) က လုံခြုံရေးတိုးမြှင့်ရန် အမိန့် ထုတ်ပြန်လိုက်ပါတယ်။
NCPO ပြောခွင့်ရ ပီယာပွန်က ထိုင်းအစိုးရအနေနဲ့လည်း မနေ့က လုံခြုံရေးအဖွဲ့အစည်းများကို ထူးခြားပြီး သံသယရှိဖွယ်ကောင်းတဲ့ လှုပ်ရှားမှုများကို စောင့်ကြည်ရန်၊ စစ်ဆေးရေးဂိတ်များကို ချထားရန်၊ တခြားသော လူထုအတွက် အနှောက်အယှက်ဖြစ်စေမှုများကို ရှာဖွေ တားဆီးရန် အမိန့်ထုတ်ပြန်ထား ကြောင်း ပြောပါတယ်။
အောက်တိုဘာ ၂၅ရက်နေ့မှ ၃၀ ရက်နေ့အတွင်း အကြမ်းဖက်ဗုံး ခွဲပြုလုပ်နိုင်ကြောင်း ရဲတပ်ဖွဲ့ ရရှိထားတဲ့သတင်းများရရှိပြီေးနာက် လူထုလုံခြုံရေးအတွက် သေချာအောင် ပြင်ဆင်ထားရမယ်လို့ ဗိုလ်မှူးကြီး ပီယာပွန်ကဆိုပါတယ်။
ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာကလည်း သူအနေနဲ့ လုံခြုံရေးတိုးမြှင့်မှုကို အတည်ပြုပြီးဖြစ်တာ ကြောင့် သတင်းသမားများအနေနဲ့ ချဲ့ကားပြီး တဆိတ်တအိတ်လုပ်ပြောစရာမလိုဘူးလို့ ဆိုပါတယ်။
ထိုင်းရဲတပ်ဖွဲ့ လက်ထောက်ရဲချုပ် Srivara Ransibrahmanakul ကလည်း ဘန်ကောက်မြို့ သုဝဏ္ဍဘူမိ လေဆိပ်အပါအဝင် အထင်ကရ သုံးနေရာကို ကားဗုံးဖောက်ခွဲတိုက်ခိုက်မယ့် သတင်းကို ရရှိတယ်လို့ အတည်ပြုပါတယ်။