ပင်လယ်နီဒေသ ယီမင်ကမ်းရိုးတန်းမှာ လှုပ်ရှားနေတဲ့ အမေရိကန် ဖျက်သင်္ဘော USS Mason ဟာ ဟူသီသူပုန်တို့ရဲ့ ဒုံးကျည် ဖြင့် ပစ်ခတ်တာကို ဒုတိယအကြိမ်ခံခဲ့ကြောင်း အမေရိကန် စစ်ဘက် အရာရှိများက ဆိုပါတယ်။ ဒါပေမယ့် ထိမှန်ခြင်းမရှိပဲ လွှဲချော်သွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၄ရက်လည်း ဤနေရာတဝိုက်မှာပဲ ပစ်ခတ်ခြင်းခံခဲ့ရပါသေးတယ်။
ပဲထိန်းဒုံးကျည်များတပ်ဆင်ထားတဲ့ ဖျက်သင်္ဘော USS Mason နဲ့ ကုန်းရေ နှစ်ထွေသွား သယ်ယူပို့ ဆောင်ရေးသင်္ဘော USS Ponce တို့ဟာ ယီမင်နဲ့ ဂျီဘူတီအကြားမှာ လှုပ်ရှားနေတာဖြစ်ပါတယ်။
ဟူသီသူပုန်တွေဘက်တော့ ယီမင်ရေပြင်ပိုင်နက်က သင်္ဘောတွေကို ပစ်ခတ်မှုမလုပ်ခဲ့ဘူးလို့ ငြင်းခဲ့ပေမယ်၊ အမေရိကန်နဲ့ ဆော်ဒီအာဏာပို်င်တွေကတော့ သူပုန်တွေလက်ချက်လို့ ဆိုလိုက်ပြီး အီရန်က လက်နက်ထောက်ပံနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။