သတင်းတို

ချင်းမိုင် လွိုင်ကထုန်ပွဲ ဖျက်သိမ်း၊ ညစျေးများကိုလည်း ရပ်ဆိုင်း

သက်တော် ၈၉နှစ်ရှိ ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက်ဂျ် မနေ့က ကံတော်ကုန်သွားသည့်အတွက် ဝမ်းနည်းအထိမ်းအမှတ်အတွက် ချင်းမိုင်မြို့တွင် နှစ်စဉ် တန်ဆောင်မုန်းလတိုင်းပြုလုပ်နေသည် လွိုင်ကထုန် မီးမျှောပွဲကို ဖျက်သိမ်းလိုက်ကြောင်း ချင်းမိုင်မြို့တော်ဝန် Tassanai Buranupakorn၏ အမိန်ဖြင့် မြူနီစီပယ်ဌာနက ကြေညာသွားကြောင်း Ching Mai City News တွင် ဖော်ပြထားသည်။

ထို့အပြင် ချင်းမိုင်ညစျေး(Night Bazaar)နှင့် စနေနှင့် တနင်္ဂနွေများတွင် ဖွင့်လှစ်သည့် လမ်းလျှောက် ညစျေးများကို လည်း ပိတ်ထားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

Loading