ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှု အခြေအနေနှင့် ပတ်သက်၍ အမေရိကန်က အနီးကပ်စောင့်ကြည့်နေပြီး၊ပဋိပက္ခအခြေခံအကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဖြေရှင်းရာတွင် မြန်မာ အစိုးရကို ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင််ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ပြောခွင့်ရအမျိုးသမီး Alicia Edwardsကို VOA သတင်းဌာနက ဆက်သွယ်မေးမြန်းရာတွင် ထိုသို့ ပြောကြားခြင်းဖြစ်သည်။
မနေ့က နေပြည်တော် သမ္မတအိမ်တော်တွင် ပြုလုပ်သည့် သမ္မတဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင် ခံ ဒေါ်အောင်ဆန်း စုကြည်နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့တက်ရောက် သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာအထူးအစည်းအဝေးက မကြာသေးမီက ဖြစ်ခဲ့ သည့် မောင်တောနှင့် ရသေ့တောင်ဒေသတွင် ဘင်္ဂလီများ၏ အကြမ်းဖက်တိုက်ခိုက်မှုကို အကာလ် မူလ် မူဂျာဟီဒင်(Aqa Mul Mujahidin) အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့သည် IS၊ အယ်လ်ကိုင်းဒါး၊ တာလီဘန်တို့ နည်းဗျူဟာအတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
ဒါအပြင် နောက်ထပ်အကြမ်းဖက်မှုများ ထပ်မဖြစ်ပွားအောင် ပါဝင်ပတ်သက်သူများအားလုံးအနေဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်လည်း Alicia Edwards ကတိုက််တွန်းခဲ့တယ်လို့ VOA သတင်းမှာ ဖော်ပြထားသည်။