ဘန်ကောက်မြို့ရှိ သုဝဏ္ဍဘူမိလေဆိပ်အပါအဝင် အထင်ကရ ၃နေရာကို ကားဗုံးဖောက်ခွဲမည် ဆို သော သတင်းနှင့် ဆက်စပ်၍ ထိုင်းရဲတပ်ဖွဲ့က သံသယရှိ ၂၁ ဦးထက်မနဲ ထိန်းသိမ်းထားကြောင်း ခေါင်ဆွတ် သတင်းကဆိုပါတယ်။
ဖမ်းဆီးမှုတွေကို တနင်္လာနေ့ကစတင်ကာစစ်ဆင်ရေး တရပ်အနေနဲ့ ပြုလုပ် ခဲ့ခြင်းဖြစ်ပြီး၊ ၆ဦးကတော့ ဆွိုင် ရမ်ကမ်ဟန် ၅၃က အဆောက်အဦးမှာ စနေနေ့ မနက်က ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့ သိရပါ တယ်။
တချို့သောသတင်းတွေအရ ဖမ်းဆီးမှုတွေကို ဘန်ကောက် ရမ်ခမ်ဟန်တက္ကသိုလ်တဝိုက်မှာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး၊ တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့ အထိ လူပေါင်း ၄ဝခန့်ကို ဖမ်းဆီးထားကာ အများစုဟာ တောင်ပိုင်းသား မွတ်ဆလင်တက္ကသိုလ် ကျောင်းသား တွေဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ၁၅ဦးကိုတော့ ပြန်လွှတ်ခဲ့ တယ်လို့သိရပါတယ်။ ။ ကျန်သူများကိုတော့ အကျဉ်း ထောင်နဲ့ စစ်တပ်တွေမှာ ထိန်းသိမ်းထားပါတယ်။
ဖမ်းဆီးခံရသူ အများစုကို စစ်တပ်က စစ်ဆေးမေးမြန်းမှုများပြုလုပ်နေပြီး၊ မည်သည့်နေရာမှာ ထိန်းသိမ်းခံထားရ တယ်ဆိုတာကို ထုတ်ဖော်မပြောတဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်မကင်းဖြစ်နေပါတယ်။
ရဲဗိုလ်မှူးကြီး Suppachai Piammanat က “သူတို့ကို ဘယ်မှာထိန်းသိမ်းသိမ်းထားတယ်ဆိုတာကို သေချာမသိ တဲ့အတွက် မပြောနိုင်သေးပါဘူး၊ စစ်ဆေးရေးလုပ်ဖို့ စစ်တပ်ကခေါ်ထားတယ်ဆိုတာ ဖြစ်နိုင်ပါတယ်” လို့ဆိုပါ တယ်။
ရဲတပ်ဖွဲ့ ကနဦးပြောဆိုချက်အရ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်ဟာ ဗုံးခွဲမည့်သတင်းနဲ့ ပတ်သက်ပြီး သက်သေခံပစ္စည်းနဲ့ သံသယရှိတဲ့ ချိတ်ဆက်များကို ဖော်ထုတ်ရန်လိုပြောပေမယ့်၊ နောက်ပိုင်းမှာတော့ ရာဇဝတ်လျော့ချ နှိမ်နင်းရေးအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။