သတင်းတို

နယူဒေလီတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆိုနီယာ ဂန္ဒီတို့ တွေ့ဆုံ

အိန္ဒိယသို့ ရောက််ရှိနေသော မြန်မာနိုင်ငံ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် နယူးဒေလီတွင် ကွန်ဂရက် ပါတီ ဥက္ကဋ္ဌ မစ္စက် ဆိုနီယာ ဂန္ဒီ၏ နေအိမ်၌ အောက်တိုဘာ ၁၇ တွင် တွေ့ဆုံကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံမှုတွင် အိန္ဒိယ-မြန်မာ ဆက်ဆံရေး တိုးမြှင့်ရန် ဆွေးနွေးကြကြောင်း သိရှိရသည်။ ဆွေးနွေးပွဲသို့ ဝါရင့် ကွန်ဂရက် ခေါင်းဆောင် ကာရန် ဆင်းဂ်လည်း တက်ရောက်သည်။

Loading