ဗီယက်နမ်နိုင်ငံကို ဝင်ရောက်ခဲ့တဲ့ တိုင်ဖွန်း ဆာရီကာ မုန်တိုင်းကြောင့် သေဆုံးသူဦးရေ ဟာ ၃၁ဦးအထိ မြင့်တက်လာကြောင်းသိရပါတယ်။
တနာရီကို ၁၂၄ မိုင်နှုန်းတိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်း ဆာရီကာကြောင့် နိုင်ငံအလယ်ပိုင်းဒေသတွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ခဲ့ပြီး၊ ဗီယက်နမ်မြောက်ပိုင်းကို ဆက်လက်ရွေ့လျားနေတယ်လို့ မိုးလေဝသ ဌာနက ဆိုပါတယ်။
ဗီယက်နမ်အစိုးရကတော့ တောင်တရုတ်ပင်လယ်မှာရှိတဲ့ သင်္ဘောတွေ၊ လှေတွေကို ဘေးကင်းရာ စခန်းတွေမှာ နေထိုင်ဖို့ တိုက်တွန်းထားသလို၊ ဒေသအာဏာပိုင်တွေကိုလည်း အန္တရာယ်ရှိတဲ့နေရာ တွေမှ ပြောင်းရွေ့ပေးဖို့ ဆိုပါတယ်။
ဒီ ဆာရီကာ မုန်တိုင်းဟာ တနင်္ဂနွေနေ့က ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဝင်ရောက်ခဲ့ပြီး လူ ၂ဦးသေ ဆုံးကာ လူ ၁သိန်းခွဲကို ပြောင်းရွေ့ခဲ့ရပါတယ်။
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းမှာတော့ ရေကြီးမှုတွေကြောင့် လူ ၃၁ဦးသေဆုံးခဲ့ပြီး ရဦးရဲ့အလောင်းကို သာ တွေ့ရှိခဲ့ပါတယ်။