သတင်းတို

ကျောက်မဲ - နောင်ချို ကြားရှိ ဂုတ်တွင်း လမ်းပိုင်း တိုးချဲ့ရန် အချိန်ပိုင်း ပိတ်မည်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကျောက်မဲ – နောင်ချိုမြို့နယ် ကြားရှိ ဂုတ်တွင်း လမ်းပိုင်းကို ယနေ့မှ စတင်ကာ ပြုပြင်ဆောင်ရွက်မည် ဖြစ်သဖြင့် အချိန်ပိုင်း ယာယီ ပိတ်ထားမည်ဟု Oriental Highway ကုမ္ပဏီက ထုတ်ပြန်ထားသည်။

ကျောက်မဲ-နောင်ချို ဂုတ်တွင်းလမ်းပိုင်းကို အောက်တိုဘာ ၁၉ ရက် မှ နိုဝင်ဘာ ၁၁ ရက်နေ့ အထိ  နေ့လည် ၁၂ နာရီမှ မွန်းလွဲ ၃ နာရီအထိ အချိန်ပိုင်း ပိတ်ကာ လမ်းပြုပြင်ထိန်းသိမ်းသွားမည် ဖြစ်၍ ခရီးသွား ပြည်သူများအနေဖြင့် ခရီးစဉ်များအား ကြိုတင်တွက်ဆ ဆောင်ရွက်နိုင်ရန်  အသိပေးထားကြောင်း Oriental Highway ကုမ္ပဏီက ထုတ်ပြန်ချက်ထားသည်။

ထို ဂုတ်တွင်းလမ်းပိုင်းသည် မကြာခဏ လမ်းပိတ်ဆို့မ ှုဖြစ်ပွားသဖြင့် လမ်း ကို ချဲ့ထွင် ဖောက်လုပ် မည်ဖြစ်ကြောင်း၊ ထိုလမ်းသည် တရုတ်နယ်စပ် ကုန်သွယ်ရေး ဇုန်အတွက် အဓိက အသုံးပြုနေသည့် လမ်းပိုင်း တခုဖြစ်ပြီး၊ တရက်လျှင် ကားအစီးရေ ၃၀ဝ ကျော် အသုံးပြုနေသည့်လမ်းလည်းဖြစ်သည်။

Loading