မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရေးအတွက် ပုသိမ်မြို့မှ လူငယ်များနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၃၀ ခန့်က ပုသိမ်မြို့တွင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ပြည်တွင်းစစ်ရပ်တန့်ရေး တောင်းဆိုသူများမှာ နံနက် ၉ နာရီတွင် ပုသိမ်မြို့၊ မြို့တော်ခန်းမအနီး စုရုံး၍ ငြိမ်းချမ်းရေး သီချင်းများ သီဆိုခြင်း၊ ပြည်တွင်းစစ်များ ရပ်တန့်ရေး၊ တပ်မတော်အနေဖြင့် ထိုးစစ်များ ရပ်တန့်ရေး၊ အစိုးရ အနေဖြင့် စစ်ဘေးရှောင် ဒုက္ခသည်များကို တာဝန်ယူပေးရေးစသည့် တောင်းဆိုချက် ပိုစတာများ ကိုင်ဆောင်ကာ ပုသိမ်မြို့ရှိ လူစည်ကားရာနေရာများသို့ စီတန်းလှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။