သတင်းတို

ကမ္ဘောဒီးယား- အမေရိကန် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မည်

ကမ္ဘောဒီယားနှင့် အမေရိကန် ရေတပ်တို့ ပူးပေါင်းပြီး ကမ္ဘောဒီယား နိုင်ငံ ပရာ့သီဟာနုဒေသမှာ ကျည်ဆန်အစစ်များအသုံးပြု ပစ်ခတ်ကာ စစ်ရေးလေ့ကျင့်မှုတခု လာမည့်အပတ်မှာ ပြုလုပ်မှာဖြစ် ကြောင်း Khmer Times သတင်းက ဆိုပါတယ်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်တဲ့ရည်ရွယ်ချက်နဲ့ လာမယ့် တနင်္လာနေ့မှာစစ်ရေးလေ့ကျင့်မှု ကို စတင်မှာဖြစ်ပြီး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ ပေါ်ပေါက်လာတဲ့ သဘာဝဘေးအန္တရာယ်များနဲ့ ပတ် သက်ပြီး အကူညီပေးရေး၊ ကမ်းတက်စစ်ဆင်ရေး၊ စစ်သင်္ဘောငယ်များ ပြုပြင်ထိန်းသိမ်းရေးနဲ့ တိုက် ခိုက်ရေးလေ့ကျင့်ခန်းများကို ဆောင်ရွက်မည်ဟု သိရပါတယ်။

နိုဝင်ဘာ ၂ရက်နေ့ နဲ့ ၃ရက်နေ့မှာတော့ ကမ္ဘောဒီယား ရေပိုင်နက်မှာ နှစ်နိုင်ငံ စစ်သင်္ဘောများက ကျည်အစစ်များနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ် မှာဖြစ်ပါတယ်။

အဲဒီအတွက် အမေရိကန်ရေတပ်သယ်ယူပို့ဆောင်ရေး သင်္ဘော USNS Millinocket ဟာ လာမယ့်တနင်္ဂနွေနေ့မှာ သီဟာနုရေတပ်စခန်းမှာ ဆိုက်ကပ်ပြင်ဆင်မှာဖြစ်ကြောင်း ကမ္ဘောဒီးယားရဲ့ Ream ရေတပ်စခန်းအကြီးအကဲ ဗိုလ်ချုပ်ကြီး မိုင်ဒီနာက ဆိုပါတယ်။

ကမ္ဘောဒီးယား နိုင်ငံဆိုင်ရာ အမေရိကန်သံရုံး လူထုဆက်ဆံရေးတာဝန်ခံ ဂျေရာမန်ကလည်း အမေရိကန် စစ်သင်္ဘော USNS Millinocket ဟာ ကမ္ဘောဒီးယား – အမေရိကန် ပုံမှန်စစ်ရေး လေ့ကျင်မှု ပြုလုပ်ရာမှာ ပါဝင်မယ်လို့ ဆိုပါတယ်။

Loading