အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ချုပ်တို့ ပူးပေါင်း ပြီး မြန်မာနိုင်ငံ၏ ဥပဒေစိုးမိုးရေးဆိုင်ရာ ကျွမ်းကျင်သူများ၏ စုံစမ်းစစ်ဆေးရေးနှင့် လုပ်ငန်းစွမ်း ဆောင်ရည် ပိုမိုမြှင့်တင်ရေးအတွက် ၈ပတ်ကြာ အလုပ်ရုံဆွေးနွေးပွဲတခုကို ရန်ကုန်မြို့တွင် ပြုလုပ် နေကြောင်း အမေရိကန်သံရုံး Facebook စာမျက်နှာတွင် ရေးသားထားသည်။
ပြည်တွင်း၌ ပထမဆုံးပို့ချသည့် ယင်းသင်တန်းတွင် မှုခင်းများတိုက်ဖျက်ရာတွင် စွမ်းရည်မြှင့်တင်ပေး ရေး လေ့ကျင့်သင်တန်းနှင့် နည်းပညာအထောက်အပံများ ပေးအပ်ခြင်းများကို အကူအညီပေးသွား မည်ဟုသိရသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကျင့်ဝတ်များတွင် ဖော်ပြထားသည့် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုရှိမှု၊ အရပ် ဘက် ပူးပေါင်းထိန်းချုပ်မှု၊ သက်ဆိုင်ရာလုပ်ငန်းများကိုကျွမ်းကျင်ပိုင်နိုင်မှု၊ လူ့အခွင့်အရေး များကိုအကာအကွယ်ပေးမှု ဟူသောအချက်များကို စံကိုက်၍ တစ်ဆင့်ချင်းချဉ်းကပ်ဖော်ဆောင်ရန် တို့ကိုရည်ရွယ်ကြောင်းသိရသည်။