သတင်းတို

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသွား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တဆင့် ထွက်ခွာသွားပြီဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

ထိုခရီးစဉ်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui ၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ စစ်ဘက်ဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

တပ်ချုပ်၏ တရုတ်နိုင်ငံခရီးစဉ်သည် အမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (NDAA) ခေါ် မိုင်းလားအဖွဲ့အတွင်း စီးနင်းထားသည့် “ဝ” ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) တပ်များ ရုတ်သိမ်းပေးရန် တပ်မတော်က ရာဇသံ ပေးထားသည့် အချိန်ဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်ပြီး ရုတ်နှင့် ဆွေးနွေးဖွယ်ရှိကြောင်း သုံးသပ်ရသည်။

တပ်ချုပ်၏ တရုတ်နိုင်ငံခရီးစဉ်တွင် အဖွဲ့ဝင်များအဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ လိုက်ပါသွားကြောင်းသိရသည်။

Loading