သတင်းတို

လူသတ်မှုဖြင့် မြန်မာတဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံ ပရာကျွတ်ကရီခန်းပြည်နယ် ဘန့်စဖန်ခရိုင်တွင် မြန်မာနိုင်ငံသားတဦးကို ကာရာအိုကေဆိုင် မှ အမျိုးသမီးတဦးအား မတရားပြုကျင့်ကာ သတ်ဖြတ်မှုဖြင့် သံသယရှိတဲ့ အတွက် မနေ့က ဖမ်းဆီး လိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောဆိုချက်ကို ကိုး ကား၍ Bangkok Post သတင်းက ဆိုပါတယ်။

စွပ်စွဲခံရသူ မြန်မာနိုင်ငံသားမှာ အသက် ၄၀ အရွယ်ရှိ Wae Khuewae အမည်ရှိသူဖြစ်ပြီး၊ ရာဘာခြံ တွင် အလုပ်လုပ်ကိုင်သူဖြစ်ပြီး၊ သေဆုံးသူ အမျိုးသမီးမှာ ၂၂နှစ်အရွယ်ရှိပြီး Tawan Daeng ကာရာအိုကေဆိုင်တွင် အလုပ်လုပ်နေ သူဖြစ်ကြောင်း၊ သူမ၏ အလောင်းကို အောက်တိုဘာ ၂၇က် နေ့ မှာ ဟိုတယ်တလုံး အခန်း၌ရှာဖွေ တွေ့ ရှိခဲ့ခြင်းဖြစ်ပြီး၊ အသတ်ခံရသူ အမျိုးသမီးမှာ ၎င်းနှင့်ညလုံး ပေါက် ပျော်ပါးရန် ငြင်းဆန်သည့်အတွက် သတ်ဖြတ်ခြင်းဖြစ်ကြောင်း အဆိုပါ မြန်မာနိုင်ငံသားက ထိုင်းရဲတပ်ဖွဲ့ထံ ဝန်ခံတယ်လို့ ရေးသားထားပါတယ်။

အဆိုပါ မြန်မာနိုင်ငံသား၏ ပြောဆိုချက်အရ ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ညက အကာရာအိုကေဘားမှာ ဘီယာသောက်ပြီးနောက် ယင်းအမျိုးသမီးကို ပျော်ပါးရန်အတွက် ပြောဆိုခဲ့ရာ တညလုံး ဘတ် ၁၈၀၀ဖြင့် သဘောတူခဲ့ကြောင်း၊ ထိုနောက် သူ့ထံမှ စိတ်ကြွဆေး ဝယ်ယူရန် ဘတ် ၅၀၀ ထပ်မံ တောင်း ခံခဲ့ပြီးနောက် ဆေးပြား ၃လုံးပေးကြောင်း၊ သူ့ကိုလည်း တလုံးပေးကြောင်း သို့သော်လည်း နောက်ပိုင်းမှာ  သူမ၏ ရည်းစားထံမှ ဖုန်းလာသည်ဟု ဆိုကာ ညလုံးပေါက်မနေနိုင်တော့ကြောင်း ပြောသည့်အတွက် စကားများ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး မုဒိန်းကျင့်ကာ လည်ပင်းညစ်သတ် လိုက်ကြောင်း ထိုင်းရဲကဆိုပါတယ်။

သတ်ဖြတ်ပြီးနောက် သူတုန်လှုပ်သွားကာ သူနေထိုင်ရာဆီသို့ ပြန်ပြေးခဲ့ကြောင်း၊ သူဟာ မြန်မာစစ်တပ်မှ စစ်သားဟောင်းတဦးဖြစ်ပြီး လူများစွာ သတ်ခဲ့ဖူးသော်လည်း အမျိုးသမီးတဦးကို ယခုကဲ့သို့ မသတ်ဖြတ်ခဲ့ဖူးကြောင်း၊ ထို့အတွက်သူ၏ လုပ်ရပ်ကို မှားယွင်းသည်ဟု သိသည့်အတွက် ထွက်မပြေးခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

Loading