၇.၁ မဂ္ဂနီကျု့ရှိ မြေငလျင် အီတလီမှာလှုပ်ခတ်
အီတလီနိုင်ငံ အလယ်ပိုင်းမှာ ပြင်းအား ၇.၁ မဂ္ဂနီကျု့ရှိ မြေငလျင်တခု လှုပ်ခတ်သွားကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ယနေ့ထုတ်ပြန်ပါတယ်။ ထွက်ပေါ်လာသည့် သတင်းများအရ ငလျင်လှုပ်ခတ်မှုကြောင့် အဆောက်အဦးများ ပြိုကျမှုများ ရှိခဲ့သော်လည်း လူအသေအပျောက်နဲ့ ပတ်သက်ပြီး မသိရသေးပေ။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း အီတလီအလယ်ပိုင်း ပီရူဂျီယာဒေသမှာ ပြင်းအား ၅.၄နှင့် ပြင်အား ၆.၄ မဂ္ဂနီကျု့ရှှိ ငလျင်၂ ခု ဆက်တိုက်လှုပ်ခတ်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြင်အားကြီး ငလျင်ကြီးတခု လှုပ်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ အီတလီအလယ်ပိုင်းမှာပင် လွန်ခဲ့တဲ့ သြဂုတ်အတွင်းက ပြင်အား ၆မဂ္ဂနီကျု့ရှိ ငလျင်လှုပ်ခတ်ခဲ့သည့် အတွက် လူပေါင်း ၂၉၀ ကျော်သေဆုံးပြီးဖြစ်ပါတယ်။
အီတလီငလျင်လှုပ်ခတ်ပြီး ရက်ပိုင်းအတွင်းမှာပင် မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့ကို ဗဟိုပြုကာ ငလျင်လှုပ်ခတ်ခဲ့သည့်အတွက် ပုဂံရှေးဟောင်းဘုရားများ ပြိုကျခဲ့ပါတယ်။