အစ္စရေးနိုင်ငံ ဂျေရုဆလင်မြိုရှိ ယေရှု့ခရစ်တော်ကို မြုပ်နှံထားသည့်ဟု ခရစ်ယာန်ဘာသာဝင်တို့ ယုံကြည်သော ဂူသင်္ချိုင်းအား မွမ်းမံပြင်ဆင်ရန်အတွက် ရာစုနှစ် ၂စု အတွင်း ပထမဆုံးအကြိမ် အဖြစ် ဖွင့်လှစ်ခဲ့ပါတယ်။
အေဒီ ၁၅၅၅ ခုနှစ်ကတည်းက စကျင်ကျောက်ဖြင့် ပြုလုပ်ထားတဲ့ ယေရှု့ခရစ်တော်၏ ဂူသင်္ချိုင်းကို ၁၈၁၀ ခုနှစ်မှာ မီးလောင်ခဲ့တဲ့အတွက် တကြိမ်ပြုပြင်ခဲ့ပြီးနောက် ယခု ဒုတိယအကြိမ်ပြုပြင်ခြင်းဖြစ်ပါ တယ်။
တူးဖော်ရာမှာ ပါဝင်တဲ့ ရှေးဟောင်းသုတေသနပညာရှင် ဖရက်ဒရစ် ဟိုင်းဘတ်ဆိုသူက သိပ္ပံနည်းကျ ဆန်းစစ်မှုတွေကို ကြာရှည်စွာ ပြုလုပ်ရအုံးမှာဖြစ်သော်လည်း နောက်ဆုံးမှာတော့ ခရစ်တော်ရဲ့ ကျန်ရစ်တဲ့ ခန္ဓာကို ထည့်ပြီးမြုပ်နှံခဲ့တဲ့ ခေါင်းတလားကို တွေ့မြင်ရတော့မှာဖြစ်တယ်လို့ National Geographic ပြောကြားလိုက်ပါတယ်။
ခရစ်ယာန်သမ္မာကျမ်းစာလာ အေဒီ ၃၃ ရာစုပတ်ဝန်းကျင်ခန့်က ခရစ်တော်ကို လက်ဝါးကပ်တိုင်တွင် ကားစင်တင် သံဖြင့် စွဲနှောင်စီရင်ခံရပြီးနာက် ရှင်သန်မထမြောက်မီ ယင်း၏ကြွင်းကျန်ရစ်သော ခန္ဒာကိုယ်အား သချိုင်းဂူအတွင်းရှိ ခေါင်းတလားတစ်ခုတွင် ထည့်သွင်းထားသည်ဟု သိရပါတယ်။
အဆိုပါ သင်္ချိုင်းဂူကို ဂရိနိုင်ငံ အေသင်မြို့အခြေစိုက် National Technical University of Athens ( NTU)မှ သိပ္ပံပညာရှင်များက Edicule ခေါ် အဆောက်အအုံတစ်ခုကို တည်ဆောက်နေစဉ် တွေ့ရှိခဲ့ ခြင်းဖြစ်ပါတယ်။
ယခုလို ပြုပြင်မွမ်းမံမှု ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၄သန်းခန့်ရှိမှာဖြစ်ပြီး၊ အဓိက အလှူရှင် တွေကတော့ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာနဲ့ Atlantic Records Ahmet Ertegun အဖွဲ့ ကို ပူးတွဲတည်ထောင်သူ Mica Ertegun ဆိုသည့် ရူူမေးနီးယားအမျိုးသမီး ဖြစ်ပါတယ်။