သတင်းတို

ရခိုင်ပြည်နယ်အတွင်းအဖြစ်အပျက်များ စုံစမ်းစစ်ဆေးရန် HRW တောင်းဆို

ကောင်းကင်ဂြိုလ်တုမှ ရိုက်ကူးထားတဲ့ ရခိုင်ပြည်နယ် မောင်တောခရိုင်က ဘင်္ဂလီကျေးရွာ ၃ရွာ မီးလောင်နေတဲ့ ဓာတ်ပုံများထွက်ပေါ်လာပြီးနောက် မြန်မာအစိုးရအနေနဲ့ ပြဿနာဖြစ်ပွားနေတဲ့ ဒေသကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂကို ခွင်ပြုသင့်ကြောင်း လူ့အခွင့် အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW)က ယနေ့တိုက်တွန်းလိုက်ပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(အာရှ)မှ လက်ထောက်ဒါရိုက်တာ ဖီးလ်ရော ဘတ်ဆန် က ထွက်ပေါ်လာတဲ့ ကောင်းကင်ဂြိုလ်တုဓာတ်ပုံတွေကြောင့် မြန်မာအစိုးရအနေနဲ့ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးမှုတခုပြုလုပ်ဖို့ လိုတယ်လို့ ဆိုလိုက်ပြီး အကူအညီပေးရေးအေဂျင်စီ တွေကိုလည်း ဝင်ခွင့်ပြုသင့်တယ်လို့ လို့ပြောပါတယ်။

အဆိုပါဓာတ်ပုံများဟာ အောက်တိုဘာ ၂၂ရက်နေ့က ကောင်းကင်ဂြိုလ်တုကနေ ရိုက်ကူးထားခြင်း ဖြစ်ပြီး မောင်တော ခရိုင်အတွင်းက ကြက်ရိုးပြင်၊ ငါးစားကြူးနဲ့ ကျီးကန်းပြင်ကျေးရွာတွေ ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

ဒါပေမယ်လည်း အတည်မပြုနိုင်သေးတဲ့ ဒေသတွင်း သတင်းတွေအရ အစိုးရစစ်တပ်က သူတို့ရွာတွေ ကို မီးရှို့တယ်လို့ ဘင်္ဂလီများဘက်က စွပ်စွဲသလို၊ အစိုးရတပ်များကလည်း ဘင်္ဂလီများက ကိုယ့်အိမ်ကိုယ်မီးရှို့တယ်ဆိုတဲ့ နှစ်ဘက် အပြန်အလှန်ပြောဆိုမှုတွေရှိနေပါတယ်။

မြန်မာအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပဋိပက္ခ ဖြစ်ပွားလျက်ရှိသည့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်သို့ ကုလသမဂ္ဂ (UN)နှင့် နိုင်ငံတကာ သံတမန်များကို ဝင်ရောက်လေ့လာရန် အစိုးရက တရားဝင် ဖိတ်ခေါ်ထားပြီး ဖြစ်ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ သတင်းထောက်များကို ပြောထားပြီးဖြစ်ပါတယ်။

ယခုလ ၉ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်ခြားစောင့် ကင်းစခန်းတွေကို အကာလ် မူလ် မူဂျာဟီဒင်(Aqa Mul Mujahidin) အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့ အကြမ်းဖက်အဖွဲ့အစည်းက တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၉ဦးကျဆုံးခဲ့ပါတယ်။

Loading