နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၁ ရက် မှ ၅ ရက်နေ့ အထိ ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်မည် ဖြစ်သည်။ ၂ နိုင်ငံကြားတွင် ရှိနေပြီးဖြစ်သည့် ဆက်ဆံရေးများ ပိုမို ခိုင်မာစေရန် ရည်ရွက်ချက်ဖြင့် သွားရောက်ခြင်း ဖြစ်သည်ဟု သိရသည်။
ယခုခရီးစဉ်သည် ဧပြီလတွင် အစိုးရသစ်တာဝန်ယူပြီးနောက်ပိုင်း ဂျပန်နိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး သွား ရောက်ခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံ ခရီးစဉ်အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ဝန်ကြီးချုပ် Shinzo Abe နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြု လုပ်မည်ဟု မျှော်လင့်ရပြီး ဂျပန်ဘုရင် Akihito နှင့် မိဖုရား Michiko တို့နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
၂၀၁၃ ခုနှစ် အတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ဥက္ကဌ အနေဖြင့် ဂျပန်နိုင်ငံ သို့ သွားရောက်ခဲ့ဖူးပါသည်။
မေလအတွင်းတွင် ဂျပန် နိုင်ငံခြားရေးဝန်ကြီး Fumio Kishida မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံ၍ တိုင်းပြည်၏ ဒီမိုကရေစီဖော်ဆော်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် ၂ နိုင်ငံ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့ပါသည်။
ဖွံ့ဖြိုးတိုးတက်ရေး မိတ်ဖက်များအနေဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန်လည်း ၂ နိုင်ငံလုံးက သဘောတူခဲ့ကြ သည်။