၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် အခြေခံမဲဆန္ဒရှင်စာရင်းများကို ယနေ့ (နိုဝင်ဘာ ၁ ရက်) မှစ၍ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ကောက်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
မဲဆန္ဒရှင်စာရင်းသည်၂၀၁၅ ခုနှစ် မဲစာရင်းများကို အခြေခံကာ ကောက်ယူနေခြင်းဖြစ်ပြီး ကြားဖြတ်ရွေး ကောက်ပွဲမဲစာရင်းများကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာပေးမည်ဖြစ်သည်။
ပြည်ပရောက် မဲဆန္ဒရှင်များအနေဖြင့် ကြိုတင်မဲပေးနိုင်ရေးအတွက် ပုံစံ ၁၅ ကို သက်ဆိုင်ရာသံရုံးများထံသို့ နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၅ ရက်အတွင်း ပြန်လည်ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲကို လက်ရှိလစ်လပ် ၁၉ နေရာတွင် ကျင်းပမည်ဖြစ်ပြီး “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အတွင်းရှိ ၄ မြို့နယ်နှင့် မိုင်းလားမြို့နယ် တို့တွင်မူ ရွေးကောက်ပွဲလုံးဝ ကျင်းပနိုင်ခြင်းမရှိပေ။