သတင်းတို

စစ်ဘက်ဆက်ဆံရေးတိုးမြှင့်ဖို့ အိန္ဒိယရေတပ်ဦးစီးချုပ်လာရောက်

အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ စစ်ဘက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့အတွက် အိန္ဒိယရေတပ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီး ဆူနီးလ် လန်ဘာဟာ ၄ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်ရှိ နေကြောင်း အိန္ဒိယသတင်းက ဆိုပါတယ်။

သူ့ရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာနဲ့ ထိစပ်နေတဲ့ နယ်နိမိတ်တလျှောက် အိန္ဒိယလက်နက်ကိုင်သူပုန်တွေ စိမ့်ဝင်နေခြင်းကို ကာကွယ်တားဆီးဖို့ မြန်မာစစ်တပ်နဲ့ ပူးတွဲကင်းလှည့်မယ့် အစီအစဉ်ကိုလည်း အရှိန်မြှင့်တင်ဆောင်ရွက်ဖို့လည်း ရှိနေတယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်ကြီး ဆူနီးလ် လန်ဘာဟာ ဒုသမ္မတ ဦးမြင့်ဆွေ၊ ဒုတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းတို့ နဲ့ တွေ့ဆုံမှာဖြစ်သလို၊ သူ့ရဲ့ ခရီးစဉ်အတွင်းမှာပဲ အိန္ဒိယရေတပ်စစ်သင်္ဘော ၃စီး ရန်ကုန်ဆိပ်ကမ်းကို လာ ရောက်လည်ပတ်မှာဖြစ်ပါတယ်။

အိန္ဒိယဟာ တရုတ်ရဲ့ မြန်မာအပေါ်လွှမ်းမိုးလာမှုကို တန်ပြန်ဖို့ မြန်မာစစ်တပ်နဲ့ အနီးကပ် ပူးပေါင်း ဆောင်ရွက်မှု တွေကို ပိုမိုပြုလုပ်လာသလို၊ စစ်ရေးအကူအညီနဲ့ လေ့ကျင့်မှုတွေကို ပြုလုပ်ပေး မယ် လို့လည်း ကတိပြုထားပါ တယ်။

အိန္ဒိယရေတပ်အကြီးအကဲရဲ့ ခရီးစဉ်ဟာ မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်၊ တရုတ်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Fang Fenghui ရဲ့ ဖိတ်ကြားမှုကြောင့် တရုတ်ပြည်သို့ သွားရောက်တဲ့ ခရီးစဉ်အတွင်းမှာ ထွက်ပေါ်လာ တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လအတွင်းကလည်း အိန္ဒိယသမုဒ္ဒရာမှာ ကင်းလှည့်နေတဲ့ တရုတ်စစ်သင်္ဘောများ မြန်မာနိုင်ငံ ကိုလာရောက်ခဲ့ပါသေးတယ်။

အိန္ဒိယ ရေတပ်ဦးစီးချုပ်ဟာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားမှာဖြစ်သလို၊ စစ်က္ကသိုလ်ကိုလည်း သွားရောက်လည်ပတ်မယ်လို့ အိန္ဒိယသတင်းတွေအရသိရပါတယ်။

Loading