ဆူခွိုင်းအမျိုးအစား ရုရှား ဗုံးကြဲလေယာဉ် Su-35 နှင့် E-3 အမျိုးအစား အမေရိကန်ထောက်လှမ်းရေး လေယာဉ် အေဝက်စ်တို့ ဆီးရီးယားဝေဟင်၌ တိုက်မိသကဲ့သို့ အနီးကပ်ဖြစ်သွားသည့် ဖြစ်ရပ်နှင့် ပတ် သက်ပြီး အမေရိကန် လေတပ်ဌာနချုပ်က ရုရှားဘက်သို့ တောင်းပန်ကြောင်း ရုရှားသတင်းတွေ က ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လေယာဉ် ၂စီး တိုက်မိမလိုဖြစ်သွားတဲ့ အဖြစ် အပျက်နဲ့ ပတ်သက်ပြီး နောင်မှာ ဤကဲ့သို့ ဖြစ်ရပ်မျိုး မဖြစ်ပွားစေရန် ဆောင်ရွက်သွားမယ်လို့လည်း အမေရိကန်လေတပ်ကိုယ်စားလှယ်များက ကတိပြုကြောင်းလည်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ ဗိုလ်ချုပ်ကြီး အီဂေါ ကိုနာရှန်ကောဗ့်ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရုရှားနေ့စဉ်သတင်းမှာ ဖော်ပြထားပါတယ်။
ဗိုလ်ချုပ်ကြီး အီဂေါ ကိုနာရှန်ကောဗ့်က ဆီးရီးယားအရှေ့ပိုင်း Deir ez-Zor မြို့အနီးဖြစ်ပွားခဲ့တဲ့ လေယာဉ် ၂စင်းတိုက်မလို ဖြစ်သွားသည့် ဖြစ်ရပ်နှင့် ပတ်သက်ပြီး အမေရိကန်ထောက်လှမ်းလေ ယာဉ် အေဝက်စ်ကို လုံခြုံရေးစည်းမျဉ်းကို ချိုးဖောက်တယ်လို့ အပြစ်တင်ပြောဆိုလိုက်ပြီး၊ အဆိုပါ လေယာဉ်ဟာ ရုရှားဗုံးကြဲလေယာဉ်အနီးကို ချဉ်းကပ်လာခဲ့တာ အန္တရာယ်များတဲ့ လုပ်ရပ်လို့လည်း ဆိုလိုက်ပါတယ်။
ရုရှားတို့အနေနဲ့ ဆီးရီးယားဝေဟင်နဲ့ ပတ်သက်ပြီး ရုရှား- အမေရိကန်သဘောတူညီချက်အရ ဒီဒေသအပေါ် ရုရှားလေယာဉ်ပျံသန်းလှုပ်ရှားနေတာကို အမေရိကန်ဘက်ကို အသိပေးထား ကြောင်း၊ ဒါကြောင့် မော်စကိုအနေနဲ့ အမေရိကန်တို့ဘက်က ဤအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရှင်းပြဖို့ ပြောဆိုခဲ့ တာဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန်လေတပ်ဌာနချုပ်မှ ဒုုတိယဗိုလ်ချုပ်ကြကီး ဂျက်ဖရီ ဟာရီဂျီယန် ကလည်း ဆီးရီးယာမှာ အမေရိကန်နဲ့ ရုရှား လေယာဉ် ၂စီး တိုက်မိမလိုဖြစ်သွားကြောင်း၊ ၂စင်းစလုံး မှာ အချက်ပြမီး မတွေ့ရသည့်အတွက် ဖြစ်ကြောင်းဆိုပါတယ်။