ရုရှားက Kalibr ခရုစ်ဒုံးကျည်များ တပ်ဆင်ထားသည့် ဖရီဂိတ်စစ်သင်္ဘော အက်ဒမိုင်ရယ် ဂရီဂိုရိုုဗစ်ချ် ကို ဆီးရီးယားကမ်းလွန်ရှိ လေယာဉ်တင်သင်္ဘော အက်ဒမိုင်ရယ် ကုဇနက်ဗ်ဆော့ ဦးဆောင်တဲ့ ရေ တပ်အုပ်စုနဲ့ ပူးပေါင်းဖို့ စေလွှတ်လိုက်တယ်လို့ ရုရှား RIA Novosit သတင်းမှာဖော်ပြထားပါတယ်။
အဆိုပါ ဖရီဂိတ်စစ်သင်္ဘောဟာ ပင်လယ်နက်မှ ခရိုင်းမီးယားဒေသရှိ ရုရှားရေတပ်စခန်း ဆီဗက်စတိုပိုလ်မှ မြေထဲပင်လယ်သို့ ယနေ့ထွက်ခွာသွားတာဖြစ်ပြီး၊ ဆီးရီးယားကမ်းလွန်က ရေတပ် အုပ်စုနဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။
ရုရှားက လေယာဉ်တင်သင်္ဘော ကုဇနက်ဆောဗ်ဦးဆောင်တဲ့ မြောက်ပိုင်းရေတပ်အုပ်စုကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ရက်နေ့က ဆီးရီးယားသို့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ အဲဒီအုပ်စုမှာ နျူကလီးယား ရေငုပ်သင်္ဘောတစိးနဲ့ Tu 160 ဗုံးကြဲလေယာဉ်များလည်းပါဝင်ပြီး၊ ဒီမြောက်ပိုင် ရေတပ်အုပ်စုဟာ မြေထဲပင် လယ်ကို သွားရောက်ရာမှာ အင်္ဂလိပ်ရေလက်ကြားကနေ ဖြတ်သန်းခဲ့တဲ့အတွက် ရုရှားနဲ့ နေတိုးအုပ်စု အကြားမှာ တင်းမာမှုများ ဖြစ်ပွားခဲ့ပါတယ်။
အခုတခါမှာတော့ Kalibr ခရုစ်ဒုံးကျည်များ တပ်ဆင်ထားသည့် ဖရီဂိတ်စစ်သင်္ဘော အက်ဒမိုင်ရယ် ဂရီဂိုရိုုဗစ်ချ် ကို ထပ်မံပူးပေါင်းဖို့ စေလွှတ်ခြင်းဖြစ်ပါတယ်။
ယခုအခါ ဆီးရီးယားမှာရှိတဲ့ IS အကြမ်းဖက်အုပ်စုအပြင် အလက်ပ်ပိုမြို့ကို သိမ်းပိုက်ထားတဲ့ အတိုက် အခံအုပ်စုတွေကို ရုရှားနဲ့ ဆီးရီးယားအစိုးရက ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် တင်းမာမှုများ ဖြစ်ပေါ် နေပါတယ်။