မောင်တောမြို့နယ်ရှိ နူရူလာ ရဲကင်းစခန်းအား နိုဝင်ဘာလ ၃ ရက်နေ့ ညနေ၌ အကြမ်းဖက်တိုက်ခိုက်ခံလိုက်ရပြီး ရဲတပ်ဖွဲ့ဝင် တဦးသေဆုံးကာ တဦးပြင်းထွန်စွာဒဏ်ရာ ရရှိကြောင်း သိရသည်။
နူရူလာ ရဲကင်းစခန်းအား နိုဝင်ဘာလ ၃ ရက်နေ့ ညနေ ၅ ကျော်အချိန်တွင် ဘင်္ဂါလီ ၅ ဦးက ဆိုင်ကယ် ၂ စီး ဖြင့် လာရောက်၍ သေနတ်ဖြင့် ၁၅ ချက်နီးပါး ပစ်ခတ်ခဲ့ရာ ဒုတပ်ကြပ် မင်းမင်းစိုး သေဆုံး ခဲ့ပြီး၊ ရဲတပ်ကြပ် မျိုးဇော်မှာ ၀မ်းဗိုက် ထိမှန်ကာ မောင်တော ဆေးရုံ၌ အရေးပေါ် ခွဲစိတ်ကုသ ခံနေရကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ရဲကင်းစခန်းအား လာရောက်တိုက်ခိုက်သူများအား ရဲတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်၍ ထွက်ပြေးစဉ် ဓာတ်ဆီထည့် ထားသည့် လက်ပစ်ဗုံး တလုံး၊ ပစ္စတိုအိတ် အလွတ် ၄ ခု သိမ်းဆည်းရမိကြောင်း အစိုးရ သတင်းက ဆိုသည်။
နူလာရ ရဲကင်းစခန်းအား တိုက်ခိုက်မှုသည် မောင်တောဒေသသို့ နိုင်ငံတကာမှ သံတမန်များ သွားရောက်လေ့လာမှု အပြီး ပြန်လည်ထွက်ခွာသည့် ရက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။