တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ Gen. Mikihail Kostarakos ၏ ဖိတ်ကြားချက်အရ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ကျင်းပမည့် ဥရောပသမဂ္ဂ ကာကွယ်ရေးဦးစီးချုပ်များ၏ စစ်ဘက်ဆိုင်ရာ ကော်မတီအစည်းအဝေး(European Union Military Committee-EUMC Meeting) တက်ရောက်ရန် ယနေ့ည ၁၀ နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားကြောင်း မြဝတီသတင်းကဆိုပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ခရီးစဉ်အတွင်း ဥရောပသမဂ္ဂကာကွယ် ရေးဦးစီးချုပ်များ၏ စစ်ဘက်ဆိုင်ရာကော်မတီအစည်းအဝေးတက်ရောက်ခြင်း၊ ဥရောပ သမဂ္ဂဆိုင်ရာအကြီးအကဲများ၊ ဥရောပနိုင်ငံအလိုက် ကာကွယ်ရေးဦးစီးချုပ်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်ပြီး ဘယ်လ်ဂျီယံနိုင်ငံအတွင်းရှိ အထင်ကရ နေရာများအား သွားရောက်မယ်လို့ ဆိုပါတယ်။
ဒါဟာ ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပြီးနောက် မြန်မာ့တပ်မတော်အနေနဲ့ ရုရှား၊ တရုတ်တို့အပြင် ပထမဆုံး နေတိုးစစ်အုပ်စုနိုင်ငံများနဲ့ စတင်ထိတွေ့ဆက်ဆံမှုလို့ ဆိုနိုင်ပါတယ်။