သတင်းတို

ဆန္ဒပြမှုများကြောင့် အင်ဒိုနီးရှားသမ္မတ ပြည်ပခရီးစဉ် ဖျက်သိမ်း

Want create site? Find Free WordPress Themes and plugins.

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဘာသာရေး ပြင်းထန်သူတွေရဲ့ ဆန္ဒပြမှုကို ရဲတပ်ဖွဲ့ကဖြိုခဲရာ လူ ၁ဦးသေဆုံးကာ ၁၂ဦး ဒဏ်ရာရရှိပြီးနောက် သမ္မတ ဂျိုကိုဝီ ဝီဒိုဒိုရဲ့ သြစတြေးလျ ခရီးစဉ်ကို မနေ့က ဖျက်သိမ်းလိုက်တယ်လို့ AP သတင်းက ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ သမ္မတ ဂျိုကိုဝီရဲ့ ခရီးစဉ်ကို မူလက တနင်္ဂနွေမှ အင်္ဂါနေ့အထိ စီစဉ်ထားခဲ့သော်လည်း၊ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများကြောင့်  သမ္မတအနေ ဖြင့်ရှိနေရန်လိုအပ်တဲ့အတွက် ခရီးစဉ်ကို နောက်ပိုင်းမှ ပြန်လည်ရေးဆွဲမည်ဖြစ်ကြောင်း ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက လက်ရှိ ဂျာကာမြို့တော်ဝန် Basuki Tjahja Purnama ကိုရမ်ကျမ်းနဲ့ ပတ်သက်ပြီး ပြောဆိုချက်ကို မကျေနပ်တဲ့အတွက် ဆန္ဒပြမှုတွေ ဖြစ်လာခဲ့ရာ ခရစ်ယာန်ဘာသာဝင် တရုတ်လူမျိုး မြို့တော်ဝန်ကို ဖမ်းဆီးဖို့ သမ္မတအိမ်တော်အပြင်ဘက်မှာ ဆန္ဒပြသူတို့က တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။

ဒီလို ဆန္ဒပြတောင်းဆိုမှုတွေဟာ လူမျိုးရေး၊ ဘာသာရေးအဓိရုဏ်းဘက်ကို ရောက်ရှိသွားမှာကို မလို လားတဲ့အတွက် ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ပါတယ်။

သမ္မတ ဂျိုကိုဝီကတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး နိုင်ငံရေးသွေးထိုုးလှုံဆော်မှုတွေရှိနေတယ်လို့ ဆိုလိုက်ပြီး နောက်ကွယ်က နိုင်ငံရေးသမားတွေကို အပြစ်တင်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ လူဦးရေ သန်း ၂၅၀ ရှိရာမှာ အများစု မွတ်ဆလင်များဖြစ်ပြီး၊ ၁၉၉၈ ခုနှစ်က လည်း တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဖြစ်ပွားကာ အဓိကရုဏ်းများကြောင့် တရုတ်ဈေးဆိုင်၊ နေအိမ်အဆောက်အဦများ မီးရှို့ဖျက်စီးခံခဲ့ရပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading