တရုတ်နိုင်ငံက သူ့ရဲ့ နောက်ဆုံးထုတ် HQ-22 အမျိုးအစား မြေပြင်မှ ဝေဟင်ပစ် လေကြောင်းရန် ကာကွယ်ရေး ဒုံးပျံစနစ်ကို ဇူဟိုင်းမြို့မှာ ပြုလုပ်နေတဲ့ ၂၀၁၆ တရုတ်အပြည်ပြည်ဆိုင်ရာ လေကြောင်းပြပွဲမှာ ပြသခဲ့ပါတယ်။
ပြည်ပသို့ ရောင်းချရာတွင် FK-3 အမည်ပေးထားသည့် HQ-22 လေကြောင်းရန်ကာကွယ်ရေး စနစ်ဟာ တာလတ်သာမက တာဝေးပစ် ဒုံးပျံစနစ်ဖြစ်ပြီး၊ မိုင် ၁၀၀ကျော် အကွာအဝေးနှင့် အမြင့် ၂၇၀၀၀ မီတာရှိ ပစ်မှတ်များ၊ အထူးသဖြင့်တတိယမျိုးဆက် တိုက်လေယာဉ်များကိုသာမက ရဟတ်ယာဉ်နှင့် အမြင်ပျံ မောင်းသူမဲ့UAV များနှင့် တခြားသောပစ်မှတ်များကို တိုက်ခိုက်နိုင်သည့်အပြင် ခရုဇ်ဒုံးကျည်များ၊ ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်များကိုလည်း ဖျက်ဆီးနိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဟာ ရုရှား၏ S-300နှင့် အမေရိကန်၏ ပက်ထရီယော့ ဒုံးပျံစနစ်ပုံစံပြုလုပ်ထားသည့် China Precision Machinery Import – Export Corporation(CPMIEC) လက်နက်ကုမ္ပဏီထုတ် HQ- 9 အမျိုးအစားလေကြောင်းရန် ကာကွယ်ရေးစနစ်ကို ၁၉၉၇ ခုနှစ်မှာ တရုတ် လေတပ်နဲ့ ရေတပ်မှာ စတင်အသုံးပြုခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းမှာတော့ မျိုးဆက်သစ် HQ များထုတ်လုပ်လာာရာ အခုနောက်ဆုံး HQ- 22 ကို ဇူဟိုင်းမှာ ပြုလုပ်တဲ့ ၁၁ကြိမ်မြောက် လေကြောင်းပြပွဲမှာ ပြသခဲ့တာဖြစ်ပါတယ်။
ဒီပြပွဲမှာ တရုတ်နိုင်ငံလုပ် ရေဒါနဲ့ ခြေရာမခံနိုင်တဲ့ ကိုယ်ပျောက် J-20 အမျိုးအစား စတဲလ်တိုက် လေယာဉ်ကိုပါ ပြသခဲ့ပါတယ်။