သတင်းတို

အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ရေးလေ့ကျင်မှု တရုတ်- ပါကစ္စတန် ပူးတွဲပြုလုပ်

တရုတ်နှင့် ပါကစ္စတန်အထူးတပ်ဖွဲ့များပူးတွဲပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှုတခု နှစ်နိုင်ငံနယ်စပ်တွင် ပြုလုပ်ကြောင်း People Daily သတင်းကဆိုပါတယ်။

လေ့ကျင်မှုမှာ နှစ်နိုင်ငံ အထူးတပ်ဖွဲ့မှ ကွန်မန်ဒိုများက ပါဝင်လေ့ကျင့်သွားမှာဖြစ်ပြီး၊ သံချပ်ကာကား များသုံးကာ တဟုန်ထိုးဝင်ရာက်တိုက်ခိုက်ခြင်း၊ တအိမ်တက်ဆင်းရှာဖွေခြင်း၊ လမ်းပေါ်တိုက်ပွဲများနှင့် အကြမ်းဖက်သမားကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်းများ ပါဝင်တယ်လို့ သိရပါတယ်။

တရုတ်အထူး တပ်ဖွဲ့မှ အကြီးတန်းအရာရှိ Zhang Baomingကလည်း နှစ်ဖက်စစ်သည်များဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး အမိန့်ပေးစနစ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ကိုလည်း နက်နက်နဲနဲ လုပ်ဆောင်ကြတယ်လို့ ဆိုပါတယ်။

စစ်ရေးလေ့ကျင့်မှုရဲ့ ရည်ရွယ်ချက်ကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံတပ် ဖွဲ့များကို စွမ်းရည်မြှင့်တင်ပေးရေး၊ ချစ်ကြည်ရင်းနှီးမှုရှိရေးတို့ဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံဟာ အနောက်မြောက်ပိုင်းဒေသတွေမှာ အစ္စလာမ်မစ်အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုနဲ့ ကြုံတွေနေရသလို၊ ပါကစ္စတန်နိုင်ငံဟာလည်း တာလီဘန်အစွန်းရောက်တွေရဲ့ ရန်ကနေ ကာကွယ် နေရတဲ့ နိုင်ငံဖြစ်ပါတယ်။

Loading