လာမည့်နိုဝင်ဘာ ၁၃ရက်နေ့မှ ၁၅ရက်နေ့အထိကျရောက်မည့် ထိုင်းနိုင်ငံ၏ ရိုးရာမီးမျှောပွဲ လွိုင်ကထုန်၌ မီးပုံပျံများ လွှတ်တင်မှုနှင့် ပတ်သက်ပြီး ကန့်သတ်မှုများ ပြုလုပ်လိုက်ပြီး ဖောက်ဖျက်ပါ က ထောင်ဒဏ်၊ ငွေဒဏ်များ ကျခံစေမည်ဟု ချင်းမိုင်ပြည်နယ်အုပ်ချုပ်ရေးမှူး Pawin Chamniprasart ၏ ကြေညာချက်ကို ကိုးကား၍ Bangkok Post သတင်းကဆိုပါတယ်။
အဆိုပါတားမြစ်ချက်၌ နိုဝင်ဘာ ၁၄ရက်၊ ၁၅ရက်နေ့ လွိုင်ကထုန်ညတွေမှာ မီးပုံပျံတွေကို ည ၇နာရီမှ နံနက် ၁နာရီအထိ လွှတ်တင်နိုင်ပြီး၊ မီးပုံးပျံလွှတ်တင်ဖို့ ဒေသဆိုင်ရာ အကြီးအကဲ တွေရဲ့ ခွင့်ပြုချက်ရယူရမယ်၊ ခွင့်ပြချက်မရှိပဲလွှတ်တင်ခြင်း၊ သတ်မှတ်ချိန်ကျော်လွန်ကာ လွှတ်တင်ခြင်းများ ၊ ခွင့်ပြုချက်ပေးမထားတဲ့ နေရာတွေမှာ လွှတ်တင်ခြင်း ပြုလုပ်ပါက အနည်းဆုံးထောင်ဒဏ် ၃နှစ် သို့မဟုတ် ငွေဒဏ် ထိုင်းဘတ် ၆သောင်း ပေးဆောင်ရမယ်လို့လည်း ပါရှိပါတယ်။
အလားတူ ဒီအမိန့်ဟာ ဒီဇင်ဘာ ၃၁ရက်နေ့ နှစ်သစ်ကူးညအထိ အကြုံးဝင်မှာ ဖြစ်တယ်လို့ သိရပါ တယ်။
ထိုင်း ဘုရင်ကြီး ဘူမိဘောအဒူလျာဒက်ဂျ် နတ်ရွာစံခြင်းကို လေးစားသမှုနဲ့ ပုံမှန်ပြုလုပ်နေတဲ့ လွိုင်ကထုန်ပွဲ အပါအဝင် တခြားသော ရိုးရာပွဲတော်တွေမှာ မီးပုံးပျံလွှတ်တင်ခြင်းကို လျော့ချသွားမှာဖြစ်ပြီး ဒါဟာ လေကြောင်း ပျံသန်းမှုကို လုံခြုံမှုပေးရာရောက်တယ်လို့လည်း သူကဆိုပါတယ်။
မီးပုံပျံပြုလုပ်ရာမှာလည်း ကန့်သတ်ချက်တွေထည့်သွင်းထားပြီး သဘာဝပစ္စည်းတွေနဲ့ ပြုလုပ်ဖို့ အကြီးဆုံး ၁မီတာထက်မပိုစေဖို့၊ အချင်းကို ၉၀ စင်တီမီတာထားကာ အမြင့် ၁၄၀ စင်တီမီတာထက် မပိုစေရ၊ မီးစာကိုလည်း ၅၅ဂရမ်ထက်မပိုစေရလို့လည်း ထုတ်ပြန်ခဲ့ပါတယ်။
မီးပုံးပျံတွေကို ရောင်းချရာမှာလည်း ဒေသဆိုင်ရာ အကြီးအကဲတွေရဲ့ ခွင်ပြုချက်ကိုရယူပြီး သတ်မှတ် တဲ့နေရာတွေမှာသာ ရောင်းချရမယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၃ရက်နေ့ ထိုင်းဘုရင်မင်းမြတ် နတ်ရွာစံပြီးနောက်မှာ နောက်တရက်မှာ ချင်းမိုင်နဲ့ မြောက်ပိုင်းဒေသမှာ ပြုလုပ်တဲ့ ရိုးရာလွိုင်ကထုန်မီးမျှောပွဲကို ဖျက်သိမ်းလိုက်တယ်လို့ ချင်းမိုင်မြို့ တော်ဝန်က ကြေညာခဲ့ပြီး နောက်ပိုင်းမှာ ကန့်သတ်ချက်တွေနဲ့ ပြန်လည်ပြုလုပ်ခွင့်ပေးခဲ့တာဖြစ်ပါ တယ်။
ထိုင်းပြည်ထဲရေးဝန်ကြီးဌာနကလည်း လွိုင်ကထုန်မှာ ဖျော်ဖြေရေးတွေ ပြုလုပ်နိုင်တယ်ဆိုတဲ့ အကြောင်း မနေ့က ချင်းမိုင်မြို့တော်ဝန်ဆီကို စာပေးပို့ခဲ့ပါတယ်။