သတင်းတို

ထိုင်း-အမေရိကန်ဆက်ဆံရေး ပုံမှန်အတိုင်း ရှိနေမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးပြော

Want create site? Find Free WordPress Themes and plugins.

အမေရိကန်နှင့် ထိုင်း ရေရှည်ခိုင်မြဲခဲ့သော ဆက်ဆံရေးမှာ ဒေါ်နယ်ထရမ့်သမ္မတဖြစ်လျှင်လည်း ပြောင်းလဲမှာမဟုတ်ပဲ၊ ပုံမှန်အတိုင်းရှိမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကယနေ့ပြောဆို လိုက်ပါတယ်။

ယနေ့ပြုလုပ်သည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် သမ္မတလောင်း ဒေါ်နယ်ထရန့်စ်က ကိုယ်စားလှယ်မဲ ၂၈၈မဲ ရရှိခဲ့ပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒါဟာ အမေရိကန်လူထုရဲ့ အသံဖြစ်ပါတယ်၊ ထိုင်းနဲ့ အမေရိကန် ဆက်ဆံခဲ့တဲ့ ၁၈၃နှစ်တလျှောက် လုံး အထူးသဖြင့်  ဒီမိုကရက်ရော ရီပတ်ဘလစ်ကန်ပါ အာဏာရခဲ့ပါတယ်၊ ဒါပေမယ့် ကျနော်တို့ ၂နိုင်ငံလုံး မိတ်ဆွေအဖြစ်အမြဲရှိခဲ့ပါတယ်”လို့ နိုင်ငံခြားရေးဝန်ကြီး Don ကဆိုပါတယ်။

ထိုင်းအစိုးရအနေနဲ့လည်း ဒီနေ့မှာ ဂုဏ်ပြုစကားဆိုဖို့ရှိပါတယ်လို့ ထပ်လောင်းပြောဆိုလိုက်ပါတယ်။
အမေရိကန်နဲ့  ထိုင်းအစိုးရအကြားမှာ ၂၀၁၄ခုနှစ် စစ်တပ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး သံတမန် အဆင့်ကို အမေရိကန်ဘက်က လျော့ချလိုက်ပြီးနောက်မှာ နှစ်နိုင်ငံဆက်ဆံရေး အဖုအထစ်ဖြစ်ခဲ့ပါ တယ်။

နိုင်ငံရေးအကဲခတ်တွေရဲ့ အဆိုအရတော့ ယခုရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရန့်စ်ဟာ မြန်မာ၊ ထိုင်းအပါအဝင် အာရှဒေသအပေါ် စိတ်ဝင်စားမှုနဲပါးတယ်လို့ ဆိုပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading