အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ရုရှားသမ္မတ ပူတင်က ကြေနန်းရိုက်ကာ ဂုဏ်ပြုစကားဆိုလိုက်ပါတယ်။ ဒါအပြင် ကမ္ဘာမှာဖြစ်ပေါ်နေတဲ့ အခက် အခဲအကျပ်အတည်းများကိုလည်း ပူးတွဲအဖြေရှာဖို့ ကရင်မလင်အနေနဲ့ မျှော်လင့်ကြောင်းလည်း ဆိုပါတယ်။
ကရင်မလင်နန်းတော်ရဲ့ ထုတ်ဖော်ပြောဆိုချက်မှာ ရုရှားနဲ့ အမေရိကန်အကြားက ပြဿနာတွေကို ဖြေရှင်းကျော်လွှားကာ ဆက်ဆံရေးတိုးမြှင့်ဖို့နဲ့ ကမ္ဘာကြီးလုံခြုံရေးနဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေကို ပူးတွဲအဖြေရှာဖို့၊ မော်စကို နဲ့ ဝါရှင်တန်အကြား တွေ့ဆုံဆွေးနွေးဖို့ကို သမ္မတပူတင်အနေနဲ့ မျှော်လင့် ကြောင်းဆိုပါတယ်။
လက်ရှိမှာတော့ ရုရှားနဲ့ အမေရိကန်ဟာ ယူကရိန်း၊ ဆီးရီးယားစတဲ့အရေးနဲ့ ပတ်သက်ပြီး ဆက်ဆံရေးအဖုအထစ် ဖြစ်နေပါတယ်။