သတင်းတို

ဒေါ်နယ်ထရမ့်နှင့် ဒူတာတေး ပိုအလုပ်ဖြစ်မည်ဟု မျှော်လင့်

Want create site? Find Free WordPress Themes and plugins.

အမေရိကန် သမ္မတ ဖြစ်လာမည့် ဒေါ်နယ်ထရမ့်နှင့် ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပိုအလုပ်ဖြစ်မည်၊ အကြောင်းမှာ ဒေါ်နယ်ထရမ့်၏ နှုတ်သရမ်းမှုကို ဒူတာတေး နားလည်သောကြောင့်ဟု ဖိလစ်ပိုင် စီးပွားရေးသမားက ဆိုကြောင်း ဖိလစ်ပိုင်မှ လာသော သတင်းများက ဆိုသည်။

ဒူတာတေးကို ဒေါ်နယ်ထရန့်နှင့် နှိုင်းယှဉ်ကြသော်လည်း မတူညီသောအချက်များ ရှိသည်။ ဒူတာတေးသည် အုပ်ချုပ်ရေးပိုင်းတွင် ပိုအတွေ့အကြုံရှိပြီး ပြဿနာများကို ရှုမြင်ရာတွင် ပိုထဲထဲဝင်ဝင် ရှိသည်ဟု ဝေဖန်သူများက ဆိုသည်။

ဒူတာတေး၏ ပြင်းထန်သော မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနည်းလမ်းများကို မေးခွန်းထုတ်သော အမေရိကန်သမ္မတ အိုဘားမားကို “ငရဲကိုသာ သွားလိုက်” ဟု မနီလာတွင် ပြောကြားသည့် မိန့်ခွန်းတခုတွင် သူက ပြောခဲ့သည်။ အခြားတနေရာတွင် အိုဘားမားကို ခွေးမသား ဟုခေါ်ပြီး အမေရိကန်နှင့် အဆက်ဖြတ်ကာ တရုတ်၊ ရုရှား တို့နှင့် ကုန်သွယ်ရေးလုပ်မည်ဟု ခြိမ်းခြောက်ထားသည်။

ဒေါ်နယ်ထရန့် ရွေးကောက်ပွဲ မဲဆွယ်ကာလ ပြောကြားထားသော ကမ္ဘာ့စီးပွားရေးစနစ်နှင့် ကုန်သွယ်ရေးတို့ကို ပြန်ပြင်မည်ဟု ပြောထားသောကြောင့် အမေရိကန်စီးပွားရေး ကမောက်ကမ ပြန်ဖြစ်မည်ကိုမူ ဖိလစ်ပိုင်စီးပွားရေးသမားများက စိုးရိမ်နေသည်။

ရွေးကောက်ပွဲ မဲများ ရေတွက်နေစဉ် ထိုးကျခဲ့သော အာရှနှင့် ဥရောပရှိ စတော့ဈေးကွက်များ ဒေါ်နယ်ထရန့်၏ အောင်ပွဲမိန့်ခွန်းအပြီး ပြန်ငြိမ်သွားခဲ့သည်။ ဒေါ်နယ်ထရမ့်က အမေရိကန်ပြည်ထောင်စုအတွင်း အခြေခံအဆောက်အဦးများ တိုးချဲ့တည်ဆောက်ရန် ဒေါ်လာ ဘီလီယံပေါင်းများစွာ သုံးမည်ဟု ပြောခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading