သတင်းတို

အနိုင်ရသမ္မတလောင်း ဒေါ်နယ်ထရမ့်ကို အမေရိကန်မြို့ကြီးတွေမှာ ဆန္ဒပြ

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရီပတ်ဗလီကန်ပါတီ သမ္မတလောင်း ဒေါ်နယ်ထရမ့်အနိုင်ရရှိခဲ့မှု အပေါ် မကျေနပ်သည့်သူများက ဝါရှင်တန် ဒီစီ၊ နယူးယောက်၊ ချီကာဂို စသည့် မြို့ကြီးများအပါအဝင် မြို့ပေါင်း ၇မြို့ခန့်မှာ ချီတက်ဆန္ဒပြမှုများ ပြုလုပ်ကြပါတယ်။

နယူးယောက်မြို့မှာဆိုရင် မင်ဟက်တန်မြို့လယ်မှာ ဆန္ဒပြသူထောင်ပေါင်းများစွာဟာ ထရမ့်ပိုင်တဲ တာဝါဆီကို ချီတက်ကြသလို၊ တချို့ကလည်း မင်ဟက်တန်ပန်းခြံမှာ စုဝေးကာ “ထရမ့်ဟာ ငါတို့ သမ္မတမဟုတ်”ဆိုကာ အော်ဟစ်ဆန္ဒပြကြပါတယ်။

အလားတူ ချီကာကိုမြို့လည်မှာလည်း လူပေါင်း ၁၈၀၀ခန့်ဟာ  ထရမ့်အပြည်ပြည်ဆိုင်ရာ ဟိုတယ်နဲ့ တာဝါအပြင်ဘက်မှာ စုဝေးကာ “ထရမ့်အလိုမရှိ၊ ကေသုံးလုံးဂိုဏ် အလိုမရှိ၊ အမေရိကန်မှာ လူမျိုးခွဲ ခြားတာမရှိ” လို့ အော်ဟစ်ကြွေးကြော်ကြပါတယ်။

ချီကာဂိုရဲတပ်ဖွဲကတော့ ဆန္ဒပြသမားများ စုဝေးရာဧရိယာတဝိုက်မှာ လမ်းတွေကို ပိတ်ဆို့လိုက်ပြီး၊ ဟန့်တားမှုတွေ ပြုလုပ်နေပါတယ်။ ဒါပေမယ့် ဖြိုခွဲတာတွေ ဖမ်းဆီးတာတွေတော့ မရှိသေးပါဘူး။

ရွေးကောက်ပွဲအနိုင်ရ သမ္မတလောင်း ထရမ့်ဟာ ရွေးကောက်ပွဲ အကြိုကာလမဲဆွယ်စဉ်က မက္ကဆီကို နယ်စပ်မှ တရားမဝင်လာရောက်မှုများကြောင့် နယ်စပ်ကိုတံတိုင်းကာမည်၊ တခြားသော မွတ်ဆလင် အပေါ် ပြောဆိုခဲ့မှုနဲ့ပတ်သက်ပြီး ဆန္ဒပြခြင်းဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ဖီလာဒဲလ်ဖီးယား၊ ဘောစတွန်၊ ဆီယက်တဲလ်နဲ့ ပို့လန်၊ အောရီဂွန်မြို့များမှာလည်း စုရုံးကာ ဆန္ဒပြခဲ့ပြီး၊ ဆန်ဖရန်စ္စကို၊ လောစ်အိန်ဂျယ်လိစ်နဲ့ အုတ်ကလန်၊ ကယ်လီဖိုးနီးယားစတာတွေမှာလည်း ဆန္ဒပြဖို့ စီစဉ်နေပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ သမ္မတလောင်း ဒေါ်နယ်ထရမ့်ရဲ့ ကိုယ်စားလှယ်ကတော့ ဒီလိုဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ ချက်ခြင်းတုန့်ပြန်ပြောဆိုမှုမရှိပါဘူး။ အလားတူ ဒေါ်နယ်ထရမ့်ကလည်း အမေရိကန်ပြည်သူတွေကို ဒီအချိန်မှာ စည်းလုံးညီညွတ်ဖို့ ပြောကြားနေပါတယ်။

ထို့အတူ ရှုံးနိမ့်သွားတဲ့ ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဟီလာရီကလင်တန်ကလည်း အရှုံးအနိုင် ရလာဒ်ကို လက်ခံဖို့နဲ့ အမေရိကန်တို့ရဲ့ကောင်းကျိုးအတွက် အတူတကွ ပူးပေါင်းလုပ်ဆောင်ဖို့ ပြောဆိုခဲ့ပါတယ်။

Loading