သတင်းတို

ရုရှားဟာ မဟာအင်အားကြီးနိုင်ငံဖြစ်တယ်လို့ ဖိလစ်ပိုင်သမ္မတပြော

Want create site? Find Free WordPress Themes and plugins.

ရုရှားဟာ မဟာအင်အားကြီး နိုင်ငံတနိုင်ငံ ဖြစ်တယ်လို့ သမ္မတပူတင်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ အပြီး ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ချီးကျူးပြောဆိုလိုက်ကြောင်း AP သတင်းကဆိုပါတယ်။

သူတို့ ၂ဦးဟာ ပီရူးနိုင်ငံ လီမာမြို့မှာ ကျင်းပတဲ့ အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (အေပက်) ကို တက်ရောက်ပြီးနောက် သီးခြားတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး၊ ဖိလစ်ပိုင် သမ္မတက အမေရိကန်နဲ့ အနောက်နိုင်ငံတချို့ဟာ ဗိုလ်ကျစိုးမှုနဲ့ ကြောင်သူတော် တွေ သာဖြစ်တယ် လို့ လည်း ရှုတ်ချပြောဆိုခဲ့ပါတယ်။

ဒါအပြင် အမေရိကန်အနေနဲ့ ဖိလစ်ပိုင်အပေါ်မှာ မညီမမျှ ဆက်ဆံခဲ့သလို ဗီယက်နမ်၊ အာဖဂန်နစ္စ တန်၊ အီရတ်နဲ့ ကိုရီးယား ကျွန်းဆွယ်အရေးတွေမှာ အမေရိကန်ရဲ့ စစ်ရေးအရ ဝင်ရောက် စွက်ဖက် မှုတွေနဲ့ ပတ်သက်ပြီး အလွန်ပြစ်တင်ပြောဆိုမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

သမ္မတပူတင်က ဖိလစ်ပိုင်ရွေးကောက်ပွဲမှာ ဒူတာတေး အနိုင်ရမှုနဲ့ ပတ်သက်ပြီး ချီးကျူးပြောဆိုလိုက် သလို၊ သမ္မတ ဒူတာတေးကလည်း သမ္မတပူတင်နဲ့ တွေ့ဆုံရမှုကို လွန်စွာဝမ်းသာကြောင်း၊ သမ္မတပူ တင်ရဲ့ ခေါင်းဆောင်အရည်အချင်းကို သဘောကျကြောင်း ပြောဆိုခဲ့ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading