ရန်ကုန်ပြည်သူဆေးရုံကြီးတွင် ဆေးကုသရန် ရောက်နေသည့် အသက် ၁၃ နှစ်အရွယ် လူနာမိန်းကလေးကို ဆေးရုံဝန်ထမ်းဟုဆိုကာ လက်တွန်းလှည်းဖြင့် အိမ်သာသို့ လိုက်ပို့ရင်း မဖွယ်မရာပြုလုပ်ခဲ့သည့် အသက် ၃၇ နှစ်အရွယ် ဇင်မင်းသူ ဆိုသူကို လသာရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း လသာမြို့မ ရဲစခန်းကပြောသည်။
အမှုစစ်ရဲအုပ် ဝင်းဘိုဘိုက “လူနာအမျိုးသမီးကို မဖွယ်မရာပြုလုပ်မှုက နိုဝင်ဘာ ၁၁ ရက်နေ့က ဖြစ်ခဲ့တာပါ၊ ကျနော်တို့ ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်”ဟု ပြောသည်။
ဖြစ်စဉ်မှာ မော်လမြိုင်ဆေးရုံမှ ရန်ကုန် ဆေးရုံကြီးသို့ ဆေးကုသရန် ရောက်ရှိနေသည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို ဆီးစစ်ရန်အတွက် နမူနာဆီးယူရန် သန့်စင်ခန်းသို့လွှတ်လိုက်စဉ် ဆေးရုံတွင် လက်တွန်းလှည်း တွန်းသူ ၃၇ နှစ်အရွယ် ဇင်မင်းသူ ဆိုသူက မိန်းကလေး၏ ခန္ဓာကိုယ်ကို မဖွယ်မရာပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။