ကမ္ဘောဒီးယားနိုင်ငံကို အုပ်စိုးခဲ့သည့် ခမာနီ ထိပ်တန်းခေါင်းဆောင် ၂ဦးဖြစ်သည့် ခီယူဆမ်ဖန်(၈၅နှစ်) နှင် နူချီယာ(၉၀နှစ်)တို့ကို ကမ္ဘောဒီးယားတရားရုံးချုပ်က တသက်တကျွန်းချမှတ်လိုက်ပါတယ်။
သူတို့ ၂ဦးဟာ ၁၉၇၅ခုနှစ်မှ ၁၉၇၉ ခုနှစ် ပိုပေါ့ခေါင်းဆောင်တဲ့ ခမာနီများ အုပ်ချုပ်စဉ်ကာလ ကမ္ဘောဒီးယားပြည်သူအများအပြားကို လျှို့ဝှက်အကျဉ်းထောင်များ၊ အလုပ်ကြမ်းစခန်းများကို ပိုဆောင်ကာ နှိပ်စက်ညှင်းပန်းသတ်ဖြတ်မှု၊ အဓမ္မအလုပ်ခိုင်းစေမှု၊ အဟာရချို့တဲ့မှု၊ ရောဂါဘယဖြစ်ပွားမှုများကြောင့် လူပေါင်း ၂သန်းခန့်သေဆုံးရာမှာ တာဝန်ရှိသူများဖြစ်ပါတယ်။
ထိုစဉ်က ခမာနီကွန်မြူနစ်ပါတီ၏ အထွေထွေအတွင်းရေးမှူးမှာ ပိုပေါ့ ဖြစ်ပြီး၊ နူချီယာမှာ တွဲဖက် အထွေထွေအတွင်းရေးမှူးဖြစ်ပါတယ်။ ခီယူဆမ်ဖန်ကတော့ ဒီမိုကရက်တစ် ကမ်ပူးချား နိုင်ငံရဲ့သမ္မတ တာဝန်ယူခဲ့သူဖြစ်ပါတယ်။
၁၉၇၉ ခုနှစ် ဗီယက်နမ်နဲ့ စစ်ဖြစ်ပွားရာ ဗီယက်နမ်တပ်များ မြို့တော် ဖနွမ်းပင်ကို ချီတက်သိမ်းပိုက်တဲ့ အတွက် ခမာနီတွေဟာ အန်လောင်ဗင်း၊ ပိုင်လင်းဒေသများသို့ တိမ်းရှောင်ကာ အခြေစိုက်ပြီး ဗီယက်နမ်တပ်များ တိုက်ခိုက်ခဲ့ပါတယ်။
၁၉၈၉ ခုနှစ် ဧပြီလ ၁၅ရက်နေ့မှာ ခမာနီခေါင်းဆောင် ပိုပေါ့ ကွယ်လွန်ခဲ့သလို၊ ဗီယက်နမ်တပ်များ လည်း ကမ္ဘောဒီးယားက ရုပ်သိမ်းခဲ့ပါတယ်။