ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများ ပတ်သက်၍ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာန တို့နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ကာကွယ်ရေး ဝန်ကြီးဌာနတို့ကြား ၂ ဖက် တွေ့ဆုံဆွေးနွေးမှုများကို နေပြည်တော်တွင် ယမန်နေ့က သမ္မတရုံး အသိုင်းအဝိုင်းမှ သိရသည်။
ယနေ့တွင်လည်း ၂ ဖက်တွေ့ဆုံမှုများ ထပ်မံ ပြုလုပ်နိုင်ရန် တရုတ်သံအမတ်ကြီးနှင့် အဖွဲ့သည် ရန်ကုန်မြို့မှ နေပြည်တော်သို့ လာ ရောက်ကာ ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ရက်နေ့မှ စတင်ကာ ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်း၊ မုံးကိုး၊ ဖောင်းဆိုင် စသည့် ဒေသများတွင် ဖြစ်ပွားနေသည် မြန်မာ့တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုတို့ ၏ တိုက်ပွဲများကြောင့် စစ်ဘေးဒုက္ခသည် ၆ထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရာ၊ ၃၀၀၀ကျော်ကို တရုတ်ပြည် ဝမ်တိန်ဒေသတွင် တရုတ်အာဏာပိုင်တို့က လက်ခံထားသည်။