တရုတ်နိုင်ငံမှ ဘင်္ဂလားဒေ့ရှ် ရေတပ်အတွက် Type 035 အမျိုးအစား ရေငုပ်သင်္ဘော ၂စီး လွှဲပြောင်းပေး ပြီးနောက် အိန္ဒိယနိုင်ငံက သူ့၏ အိမ်နီးချင်းနိုင်ငံများအပေါ် တရုတ်နိုင်ငံ ခြေလှမ်းနှင့် ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်မိကြောင်းဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် ကာကွယ်ရေးဝန်ကြီးဌာနကလည်း တန်ချိန် ၁၈၀၀ရှိ တရုတ်လုပ် ဒီဇယ်နှင့် လျှပ်စစ်စွမ်းအင်သုံး Tyep 035 (နေတိုးအခေါ် မင့်) ရေငုပ်သင်္ဘော ၂စီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ရက်နေ့က ဘင်္ဂလားဒေ့ရှ် ရေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Nizamuddin Ahmed က လွှဲပြောင်းရယူခဲ့တာဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် ဂျိန်းစ်ကာကွယ်ရေး စာစောင်ကို အတည်ပြုပြောကြားပါတယ်။
ဒီရေငုပ်သင်္ဘောတွေကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကတည်း အမေရိကန် ဒေါ်လာ ၂၀၃သန်းနဲ့ စာချုပ် ချုပ် ဝယ်ယူခဲ့တာဖြစ်ပြီး၊ ဒီရေငုပ် သင်္ဘောတွေဟာ အရင် တရုတ်ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ဒါလီယန် သင်္ဘောကျင်းမှ ပြန်လည် မွမ်းမံနေတာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် ရေတပ်ကတော့ Nabajatra နဲ့ Joyjatra လို့ အမည်ပေးထားပြီး၊ လာမည့်နှစ်ဆန်း ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီလတွေမှာ ရောက်ရှိမယ့် ရေငုပ်သင်္ဘောတွေကို ကူတပ်ဒီယာကျွန်းနားမှာ ရေငုပ်သင်္ဘောအခြေစိုက် စခန်း ထားရှိမယ်လို့ သိရပါတယ်။
ရေငုပ်သင်္ဘော ၂စီး ဘင်္ဂလားဒေ့ရှ်က လက်ခံရယူပြီးတဲ့နောက်မှာ အိန္ဒိယ ကာကွယ်ရေးဝန်ကြီး မန်နိုဟာ ပါရီ ကာ ဟာ လာမည့် နိုဝင်ဘာ ၃၀ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွာေးရာက်ပြီး နှစ်နိုင်ငံ အကြား ကာကွယ် ရေး ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်ရေးအတွက် ဆွေးနွေးမယ်လို့လည်း သိရပါတယ်။
စစ်ရေးလေ့လာသူတွေကတော့ တရုတ်က ဘင်္ဂလားဒေ့ရှ်ကို ရေငုပ်သင်္ဘော ရောင်းချခြင်းဟာ အိန္ဒိယကို တရုတ်ရဲ့ ဝိုင်းပတ်တဲ့ မဟာဗျူဟာရဲ့ တစိတ်တဒေသဖြစ်တယ်လို့ ဆိုပါတယ်။
အိန္ဒိယရေတပ်အကြီးအကဲဟောာင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး အာရမ် ပရာကက်ကလည်း ရေငုပ်သင်္ဘောဆိုတာ ထိုးစစ်လက်နက်ဖြစ်တယ်၊ အိန္ဒိယကို ခြိမ်းခြောက်လာနိုင်သလို ပင်လယ်ပြင်လုံခြုံရေးကိုလည်း ရှုပ်ထွေးလာနိုင် တယ်လို့ သုံးသပ်ပါတယ်။