အငြိမ်းစားယူထားသည့် ဗိုလ်ချုပ်မှူးကြီး ဟောင်း သန်းရွှေနှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူဆေးဖိုးတို့ မနေ့က နေပြည်တော်တွင် တွေ့ဆုံကြောင်း နေပြည်တော်ရှိ နီးစပ်အသိုင်းအဝန်း ထံမှသိရပါတယ်။
နှစ်ဦးတွေ့ဆုံရာတွင် နိုင်ငံရေးအကြောင်းများထက် ရှေးဟောင်းနှောင်းဖြစ်များကို ပြောဆိုမှု ပိုမိုများပြားပြီး အသက် ၈၅နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးသန်းရွှေမှာ ကျန်းမာရေးကောင်းမွန်ကာ မှတ်ဉာဏ်မှာလည်း ကောင်းမွန်းကြောင်း သိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ အငြိမ်းစားယူပြီးနောက် နိုင်ငံရေးလောကနှင့် ကင်းကွာစွာနေထိုင်သည်ဆိုသော် လည်းအခါအားလျှော်စွာ ပြင်ပဧည်သည်များဖြင့် တွေ့ဆုံလေ့ရှိရာ ပြီးခဲ့သည့် သြဂုတ်လအတွင်းက မြန်မာပြည် ရောက်ရှိလာသည့် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး မစ္စတာဆောင်းတောင်းနှင့်လည်း ၎င်း၏ နေအိမ်တွင် တွေ့ဆုံခဲ့သေးတယ်။
KNU ဥက္ကဋ္ဌ မူတူးဆေးဖိုးနှင့်အဖွဲ့မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တွေ့ဆုံကာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု-ပင်လုံ ကျင်းပနိုင်ရေးကိစ္စရပ်များ၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေး ပွဲများ၌ ထည့်သွင်း ဆွေးနွေး ရမည့် ကိစ္စရပ်များနှင့် နှစ်ဖက်တပ်များ တပ်နေရာချထားရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးရန် ပြီးခဲ့သည့်နိုဝင်ဘာ ၂၅ရက်နေ့က နေပြည်တော်သို့ ရောက်ရှိနေခြင်းဖြစ်ပါတယ်။