တရုတ်က တင့်ကားများ၊ သံချပ်ကားများအပါအဝင် စစ်သား ၇၀၀ခန့်ကို မြန်မာနယ်စပ်အနီးမှာချထား ကြောင်း သိရပါတယ်။
ဒေသခံများအဆိုအရ မြန်မာနယ်စပ်သို့ ဦးတည်ချီတက်လာသည့် တရုတ်စစ်တပ်တွင် စစ်သည်တင်သံချပ်ကာကားများ၊ လူနာတင်ယာဉ်များ၊ လောင်စာဆီတင်ယာဉ်များလည်း ပါဝင်ကြောင်း ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲများ အရှိန်မြင့်လာတဲ့အတွက် တရုတ်အစိုးရအနေနဲ့ နယ်စပ်လုံခြုံရေးကို စိုးရိမ်တဲ့အတွက် အခုလိုတပ်တွေချထားခြင်းဖြစ်တယ်လို့ သိရပါတယ်။
နိုဝင်ဘာ ၂၀ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် ၄ဖွဲ့နဲ့ တပ်မတော်အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ၃၀၀၀ကျော် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ရ ပါတယ်။
ဒါအပြင် တိုက်ပွဲတွေဟာ တရုတ်- မြန်မာနယ်စပ် ကုန်သွယ်ရေးဇုန်ဖြစ်တဲ့ မူဆယ်မြို့အနီးမှာ ဖြစ်ခဲ့ တဲ့အတွက် ကုန်စည်စီးဆင်းမှုကိုလည်း ထိခိုက်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ရက်နေ့မှာတော့ တရုတ် ဒုနိုင်ငံခြားရေးဝန်ကြီး Mr. Liu Zhenmin နှင့် ဗဟိုစစ်ကော်မရှင်၊ ကွန်မြူနစ်ပါတီ၊ ဒုတိယပူးတွဲစစ်ဦးစီးချုပ် General Xu Fenlin တို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ဟာ နေပြည်တာ်ကို ရောက်ရှိလာပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ဘက်နှင့် အရပ်ဘက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ အရှေ့မြောက်ဒေသဖြစ်စဉ်များ ၊ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့အကြား(၂+၂) ဆောင်ရွက်နေသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပါတယ်။