နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်ကာပူခရီးစဉ်အတွင်းမှာ Asia Civilization ပြတိုက်မှာပြုလုပ်မယ့် မြန်မာ- စင်ကာပူ ဆက်ဆံရေး နှစ် ၅၀ပြည့်အထိမ်းမှတ် Treasure of Myanmar Exhibition ပြပွဲကို တက်ရောက်ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။
ပြပွဲမှာ မြန်မာနိုင်ငံရဲ့ခေတ်အဆက်ဆက်ကို ကိုယ်စားပြုနေတဲ့ ဗုဒ္ဓဆင်း တုတော်များ၊ အခြားယုံကြည် ကိုးကွယ် မှုဆိုင်ရာရုပ်တုများ၊ ဗိသုကာဆိုင်ရာအဆင်တန်ဆာများ၊လက်မှုပညာပစ္စည်းများ အစရှိတဲ့ အမွေအနှစ်ပစ္စည်း ၃၂ ခု ကို ပြသမှာဖြစ်ပြီး၊ ပြပွဲကို ဒီဇင်ဘာလ(၁) ၇က်နေ့မှ စတင်ကာ ၃ လကြာပြသမှာဖြစ်ပါတယ်။
ပြပွဲရည်ရွယ်ချက်တော့ အာဆီယံနိုင်ငံများအပါအဝင် စင်ကာပူနဲ့ မြန်မာအကြား ချစ်ကြည်ရင်းနှီးမှု တိုးတက်စေ ရန်ဖြစ်ပြီး၊ ပွဲဖြစ်မြောက်ရေးကို ၂၀၁၄ ခုနှစ်ကတည်းက နှစ်နိုင်ငံ ဆောင်ရွက်နေတာဖြစ်ပါတယ်။