သတင်းတို

အိမ်ရှေ့မင်းသား မဟာဝိဇယ လောင်ကွန်းကို ထိုင်းဘုရင်အဖြစ်တင်မြှောက်

လစ်လပ်နေသည့် ထိုင်းထီးနန်းအတွက် အိမ်ရှေ့မင်းသား မဟာဝိဇယ လောင်ကွန်းကို မနေ့က တင်မြှောက် လိုက်ကြောင်းသိရပါတယ်။ အဲဒီအတွက် အိမ်ရှေ့မင်းသား မဟာဝိဇယလောင်ကွန်း ဟာ ထိုင်းနိုင်ငံရဲ့ ၁၀ယောက်မြောက် ရာမမင်းဆက်အဖြစ် ဆက်ခံခဲ့ပါပြီ။

ဒါကြောင့်လည်း ၂လနီးပါး ထိုင်းနိုင်ငံမှာ ထီးနန်းဆက်ခံသူ ကင်းမဲ့နေမှုဟာ အခုအခါမှာ ပြီးဆုံးသွားပြီ လို့ဆိုရမှာပါ။

ကာကွယ်ရေးဝန်ကြီး ပရာဝစ်ဟောင်ဆူဝမ်ကလည်း အိမ်ရှေ့မင်သား မဟာဝိဇယလောင်ကွန်းကို ဘုရင်သစ်အဖြစ် အစိုးရအဖွဲ့က အသိအမှတ်ပြုကြောင်း ဆိုပါတယ်။

.ပြီးခဲ့သည့် အောက်တိုဘာ ၁၃ရက်နေ့က ထိုင်းဘုရင် ဘူမိဘော အဒူလျာဒက် နတ်ရွာစံပြီးနောက် သားတော် အိမ်ရှေ့မင်းသား မဟာဝိဇယ လောင်ကွန်းက ဖခင်အတွက် ပူဆွေးသောကရောက်နေချိန် တွင် ထီးနန်းဆက်ခံရေးကိစ္စများ မပြုလုပ်လိုကြောင်း၊ အဆင်သင့်မဖြစ်သေးကြောင်း ပြောဆိုခဲ့သည့် အတွက် ထိုင်းပြည်သူများအကြားမှာ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပါတယ်။

ထိုလစ်လပ်နေသည့် ကြားကာလတွင် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ သက်တော်ရှည် ပရမ်တင်ဆူလာနွန်ဒါက ထီးနန်းနှင့်ပတ်သက်၍ ယာယီတာဝန်ယူထားခဲ့ပါတယ်။

Loading