သတင်းတို

Eleven CEO ဒေါက်တာသန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ်၏ အာမခံလျှောက်ထားမှု ပယ်ချခံရ

Want create site? Find Free WordPress Themes and plugins.

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံထားရသည့် Eleven Media Group CEO ဒေါက်တာ သန်းထွဋ်အောင်နှင့် အယ်ဒီတာချုပ် ဦးဝေဖြိုးတို့၏ အာမခံလျှောက်ထားမှုကို တာမွေမြို့နယ်တရားရုံးက ယနေ့ရုံးထုတ်တွင် ပလပ်လိုက်သည်။

ဒေါက်တာသန်းထွဋ်အောင် အနေဖြင့် ကျန်းမာရေးအခြေအနေအရ အာမခံလျှောက်ထားခဲ့ခြင်း ဖြစ်သော်လည်း ၎င်းကျန်းမာရေးနှင့်ပတ်သက်၍ အကျဉ်းထောင်ဘက်မှ တင်ပြမှု မရှိခြင်းကြောင့် အာမခံလျှောက်ထားမှုကို ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာသန်းထွဋ်အောင် ရေးသားသည့် “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာ့အာဘော်ပါ ဒေါ်လာ ၁ သန်းခန့်တန်ဖိုးရှိသည့် နာရီကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နိုဝင်ဘာ ၉ ရက်နေ့က တာမွေရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အာမခံလျှောက်ထားမှု မရရှိခြင်းကြောင့် ဒေါက်တာသန်းထွဋ်အောင်နှင့် ဦးဝေဖြိုးတို့မှာ အမှုကို အင်းစိန်ထောင် အချုပ်တွင် နေထိုင်ကာ ဆက်လက်ရင်ဆိုင်ရမည်ဖြစ်ပြီး နောက်ထပ် ရုံးချိန်းကို ဒီဇင်ဘာ ၉ ရက်နေ့ကို ထပ်မံချိန်းဆိုထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading