နာမကျန်းဖြစ်ခြင်းကြောင့် ဆေးဝါးကုသမှုခံယူနေရသည့် ထိုင်းဘုရင့်မိဖုရားကြီး သီရိခေတ်ဟာ ပြန်လည်ကျန်းမာလာသည့်အတွက် ဆေးရုံမှ ဆင်းပြီဖြစ်ကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ရက်နေ့က အသက် ၈၄နှစ်ရှိပြီဖြစ်တဲ့ မိဖုရားကြီး သီရိခေတ်မှာ ဖျားနာခြင်းနှင့် အဆုတ်လမ်းကြောင်းပိုင်း ဆိုင်ရာ ဝေဒနာများကြောင့် ချူလာလောင်ကွန်ဆေးရုံမှာ တက်ရောက်ကုသ နေတာဖြစ်ပါတယ်။ မိဖုရားကြီးဟာ နှစ် အတော်ကြာကတည်းက ကျန်းမာရေး ချူချာနေတာ ဖြစ်ပြီး လေဖြတ်သည့် ရောဂါလည်း ခံစားခဲ့ရတယ်လို့ သိရပါတယ်။
မိဖုရားကြီးဟာ အခုအခါမှာ အဖျားရောဂါမရှိတော့ကြောင်း၊ အစားအသောက်ကို ပြန်လည်စားသောက် လာနိုင်ပြီဖြစ်သလို လမ်းလျှောက်နိုင်ပြီဖြစ်ကြောင်း၊ ထို့အတွက် နန်းတော်မှာ ပြန်လည်နေထိုင်ပြီဖြစ် ကြောင်း ကြေညာချက်မှာဖော်ပြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ရက်နေ့က ထိုင်းဘုရင်ကြီး ဘူမိဘောအဒူလျာဒက်ဂျ် နတ်ရွာစံပြီးနောက် လစ်လပ်နေတဲ့ ထီးနန်းကို အင်္ဂါနေ့က သားတော် အိမ်ရှေ့စံ မင်းသား မဟာဝိဇယ လောင်ကွန်းကို ဆက်ခံကြောင်း ထိုင်းအစိုးရနဲ့ လွှတ်တော်က ကြေညာခဲ့ပါတယ်။