သတင်းတို

MICA အဖွဲ့ ဖျက်သိမ်းတော့မည်

Want create site? Find Free WordPress Themes and plugins.

ယခင် အစိုးရလက်ထက်က စတင်ခဲ့သည့် Myanmar International Cooperation Agency (MICA) ၏ လုပ်ငန်းများကို ယခု အစိုးရ လက်ထက်တွင် ဆက်လက် ဆောင်ရွက်တော့မည် မဟုတ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ အောင်သူက ယမန်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ရပ်နားစဉ် မီဒီယာများသို့ ပြောသည်။

“MICA အဖွဲ့ကြီးက ဆက် Run ဖို့ အခက်အခဲ ရှိလာတယ်။ MICA ရဲ့ အပေါ်ပိုင်း Body ကြီးက မရှိတော့ဘူး။ အတွင်းရေးမှူးနဲ့ အောက်ပဲ ရှိတော့တယ်။ သူတို့ရဲ့ Board of Directors အဖွဲ့အစည်းအဝေးက တို့ဆီကို Report တက်လာတယ်။ ဆုံးဖြတ်ချက်ကတော့ မချရသေးဘူး” ဟု ဒေါက်တာ အောင်သူက ပြောသည်။

MICA အဖွဲ့ ဘာကြောင့် ဖျက်သိမ်းမည် ဆိုသည်ကိုလည်း တိတိကျကျ မပြောနိုင်သေးဘဲ အောက်ခြေမှ တင်ပြလာသည့် စာရွက်စာတမ်းများပေါ်တွင်သာ စဉ်းစားနေဆဲ ဖြစ်ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading