အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီ ဝီဒိုဒိုနှင့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် တို့ ဘာလီကျွန်းမှာ ယနေ့တွေ့ဆုံပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းမှ မွတ်ဆလင်များအရေးဆွေးနွေးကြောင်း The Jakarta Post သတင်းတွင် ဖော်ပြထားပါတယ်။
ဆွေးနွေးပွဲမှာ မိနစ် ၃၀ခန့်ကြာမြင့်ပြီး၊ ကိုဖီအာနန်က ရခိုင်ပြည်ခရီးစဉ်အတွင်း မြင်တွေ့ခဲ့ရသည်များ ကို သမ္မတ ဂျိုကိုဝီအား ပြောပြကြောင်း၊ ဒါအပြင် ပဋိပက္ခဒေသရှိသူများကို လူသားချင်းစာနာသည့် အရေးပေါ်ကူညီရန်လည်း အကြံပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။
ထို့အတွက် မကြာမီမှာ အင်ဒိုနီးရှားက ထိုဒေသရှိသူများအတွက် လူသားချင်းစာနာမှု အကူအညီများ ကို ပေးအပ်မည်ဖြစ်ပြီး အထူးသဖြင့် အစားအစာနဲ့ စောင်များ ပေးအပ်သွားမယ်လို့လည်း ပါရှိပါတယ်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi မြန်မာပြည်ကို လာရောက်ကာ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံခဲ့ပါတယ်။