သတင်းတို

ရခိုင်မြောက်ပိုင်းသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရန် ကုလအထူးကိုယ်စားလှယ်ပန်ကြား

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မောင်တောနှင့် ဘူးသီးတောင် ဒေသသို့ သွားရောက်ပြီး ဒေသခံများနှင့် တွေ့ဆုံရန်  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူး ကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာက ပန်ကြားလိုက်ပါတယ်။

မနေ့က ထုတ်ပြန်တဲ့ မစ္စတာ ဗီဂျေနမ်ဘီယားရဲ့ ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေအနေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်၏ အကဲဖြတ်ချက်တွေကို သူ့အနေနဲ့ လက်ခံပါကြောင်း၊ အစိုးရအနေဖြင့် အဆိုပါဒေသသို့ ပေးအပ်မည့် လူသား ချင်းစာနာသည့် အကူအညီပေးမှုများနှင့် သတင်းရယူခွင့်ကို မပိတ်ပင်စေလိုကြောင်း၊ တင်းမာမှုများလျော့ချခြင်း နှင့် နှစ်ဖက်သဟဇာတ ဖြစ်စေရေးအတွက် လုပ်ဆောင်ရန်လည်း တိုက်တွန်းထားပါတယ်။

လက်ရှိအခြေအနေတွင် ဘူးသီးတောင်၊ မောင်တောဒေသသို့ သွားရောက်ကာ သတင်းရယူခွင့် ပိတ်ထားသည့် အတွက် လူမျိုးတုံးသတ်ဖြတ်သည်ဆိုသော စွပ်စွဲချက်များနှင့် မဟုတ်မှန်သည့် သတင်းများ ပျံနှံလျှက်ရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကာ ရခိုင်ပြည်မြောက်ပိုင်း အရေး ဆွေးနွေးသည့်အပြင် မနေ့က ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်နှင့် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီတို့ တွေ့ဆုံကာ ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေများကို ရှင်းလင်းပြောကြားပြီး၊ လူသားချင်းစာနာသည့် အကူအညီများ (စောင်နှင့် အစားစာများ) ပေးအပ်ဖို့ ပြော ကြားခဲ့ပါတယ်။

Loading