ယခုရက်ပိုင်း သမုဒ္ဒရာပိုင်းဒေသများမှာ ငလျင်များလှုပ်ခတ်နေရာ တောင်ပစ္စဖိတ်သမုဒ္ဒရာအတွင်းရှိ ဆော်လမွန်ကျွန်းနိုင်ငံနဲ့ ၄၃ မိုင်ခန့်ဝေးကွာပြီး မြေအောက်အနက် မိုင် ၃၀ခန့်မှာ ပြင်းအား ၇.၈ မဂ္ဂနီကျု့ရှိ ငလျင်တခု ယနေ့နံနက်စောစော ၁၂နာရီ ၃၈မိနစ်ခန့်က လှုပ်ခဲ့ရာ ဆော်လမွန်၊ ဗန်နွာတူ၊ ပါပူဝါ နယူးဂီနီ၊ နယူးကယ်လီဒိုနီးယား၊ တူဗာလူ၊ စတဲ့ကျွန်းနိုင်ငံများမှာ ဆူနာမီသတိပေး ချက်များ ထုတ်ပြန်ခဲ့ရပါတယ်။
အမေရိကန် ဘူမိဗေဒတိုင်းထွာချက်အရ ငလျင်ဟာ အစပိုင်းမှာ ပြင်းအား ၈ မဂ္ဂနီကျု့ရှိပြီး နောက်ပိုင်းမှာ ၇.၈ မဂ္ဂနီကျု့သို့ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကလည်း အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကို ဗဟိုပြုပြီး မနေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၆.၄ မဂ္ဂနီကျု့ရှိ ငလျင် ကြောင့် သေဆုံးသူ လူပေါင်း ၁၀၂ ဦးရှိပြီ အိမ်၊ ဈေး၊ ကျောင်း၊ ဗလီစတဲ့ အဆောက်အဦး ၃၀၀ကျော် ပြိုကျ ခဲ့ပါတယ်။