တောင်ကိုရီးယားသမ္မတအိမ်တော် အပါအဝင် မဟာဗျူဟာကျတဲ့ ပစ်မှတ်များကို တိုက်ခိုက်ဖျက်ဆီး၊ သိမ်းပိုက်ခြင်း စစ်ရေးလေ့ကျင့်မှုတခုကို မြောက်ကိုရီးယား အထူးတပ်ဖွဲ့များ (KPA Unit 525) များက ပြုလုပ်ရာ နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်း တက်ရောက်စစ်ဆေးခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာ KCNA က ကြေညာခဲ့ပါတယ်။
မြောက်ကိုရီးယားစစ်ရေးလေ့ကျင့်မှုဟာ Blue House လို့ခေါ်တဲ့ တောင်ကိုရီး သမ္မတအိမ်တော်အပါ အဝင် မဟာဗျူဟာကျတဲ့အဆောက်အအုံများကို ပစ်မှတ်အတုများဆောက်လုပ် လေ့ကျင့်ခဲ့တာဖြစ်ပြီး တောင်ကိုရီးယားစစ်တပ်များကိုလည်း အမြင့်ဆုံးတပ်လှန့်ထားတယ်လို့ တောင်ကိုရီးယား သတင်း ဌာနယွန်ဟပ်က ဆိုပါတယ်။
လွန်ခဲ့တဲ့ရက်များစွာကတည်းက တောင်ကိုရီးယားပူးတွဲကာကွယ်ရေးဦးစီးချုပ်က မြောက်ကိုရီးယား အနေဖြင့် တောင်ကိုရီးယားနိုင်ငံရေးအကျပ်အတည်းအချိန်မှာ ဆန်ကျင်ကျူးကျော်မှုများ ပြုလုပ်နိုင် တယ်လို့ သတိပေးထားပြီး ဖြစ်သလို၊ တကယ်လို့ မြောက်ကိုရီးယားအာဏာပိုင်တွေအနေနဲ့ ကျူးကျော်မှုတွေ လုပ်လာမယ်ဆိုရင်တော့ ပြင်းထန်တဲ့ တုံ့ပြန်မှုကို ရရှိမှာဖြစ်ပြီး၊ ကိုယ့်သေ တွင်း ကိုယ်တူးသလိုဖြစ်နေမယ်လို့လည်း တောင်ကို ရီးယား ကာကွယ်ရေးဦးစီးချုပ်ကပြောခဲ့ပါတယ်။