ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်များကြောင့် စစ်ဘေးဒုက္ခ ရောက်နေရသည့် မူဆယ်မြို့မှ ပြည်သူများအတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ နေ့တွက်စရိတ် တရက်စာ စုစုပေါင်း ၈၅ သိန်း ၂ သောင်းကျပ်ကို လှူဒါန်းရန် ယနေ့ ကျင်းပသည့် လွှတ်တော်က သဘောတူလိုက်ကြောင်း သိရသည်။
ကျပ် ၈၅ သိန်း ၂ သောင်းကို စစ်ဘေးရှောင်များအတွက် လှူဒါန်းမည်ဖြစ်ကြောင်း၊ တခြားလိုအပ်ချက် ရှိသောနေရာများအတွက် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ လှူဒါန်းမှု ခေါင်းစဉ်ဖြင့် သီးခြား လှူဒါန်းသွားမည် ဖြစ်ကြောင်း ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးကို ဦးဆောင်ကျင်းပသူ ဒုတိယ ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောသည်။
ကိုယ်စားလှယ်များ၏ တနေ့တာ နေ့တွက်စရိတ်မှာ ကျပ် ၂ သောင်း ဖြစ်သည်။