တရုတ်နိုင်ငံက လက်နက်များဈေးလျော့ ရောင်းချမည်ဆိုသော ကမ်းလှမ်းချက်ကို ဖိလစ်ပိုင် သမ္မတ ဒူတာတေးက သဘောတူကြောင်း မနေ့ကပြုလုပ်တဲ့ လက်နက်ကိုင်တပ်များကို ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုလိုက်ပါတယ်။
သူတို့က ကျနော်တို့ကို လိုလိုလားပေးချင်နေတယ်၊ အလကားတော့မဟုတ်ပါဘူး၊ ၂၅နှစ်အတွင်းပေး ချေနိုင်ပါတယ်”လို့ သမ္မတ ဒူတာတေးကပြောဆိုသွားခြင်းဖြစ်ပါတယ်။
အဲဒီအတွက် စစ်ဘက်ဆိုင်ရာအရာရှိတွေကို တရုတ်ပြည်ကိုစေလွှတ်မယ်လို့လည်းဆိုလိုက်ပါတယ်။
သမ္မတ ဒူတာတေးဟာ တရုတ်နိုင်ငံကို ပြီးခဲ့တဲ့အောက်တိုဘာလက သွားရောက်ခဲ့ပြီး၊ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
ဖိလစ်ပိုင်နိုင်ငံမှာ သမ္မတ ဒူတာတေးတက်လာပြီးနောက်မှာ မူးယစ်ဆေးဝါး နှိမ်နင်းမှုနဲ့ ပတ်သက်ပြီး မဟာမိတ်ဖြစ်တဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ဝေဖန်မှုကြောင့် ဆက်ဆံရေးယိုယွင်းလာခဲ့ရာ ပြီးခဲ့သည့် စက်တင်ဘာက ဖိလစ်ပိုင်စစ်တပ်အတွက် တရုတ်နှင့် ရုရှားလုပ်လက်နက်များကို တပ်ဆင် ရန်ပြောကြားခဲ့ပါတယ်။
အဲ့ဒီနောက် ကာကွယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် စစ်လက်နက်ပစ္စည်းဌာနမှ အကြီးအကဲ ရေမွန်ဒို ဒီ ဗီလာ အယ်ဖန်တီ၊ ရေတပ် ဒုတိယအကြီးအကဲ ဗိုလ်ချုပ် ရာဖေး ဂျီ မာရီယာနို၊ အမှတ် ၆ စစ် တိုင်းမှူး ဗိုလ်ချုပ်ကြီး ဘင်ဂျမင် အာမက်ရီဂျယ်၊ ရုရှားနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး ကားလိုစ် ဒီ ဆိုရီတာ နှင့် မော်စကိုမြို့ ဖိလစ်ပိုင်သံရုံး နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာတာဝန်ခံတို့ ပါဝင်တဲ့အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံက လက်နက်ပြပွဲကို သွားရောက်ကြည့်ရှု့ခဲ့ပါတယ်။
ပြီးခဲ့တဲ့တပတ်ကလည်း ဖိလစ်ပိုင်ကာကွယ်ရေးဝန် ဒယ်လ်ဖင် လောရင်ဇာနာဟာ ရုရှားနိုင်ငံကိုသွား ရောက်ကာ ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံပြီးနောက် ရုရှားနိုင်ငံက စနိုက်ပါရိုင်ဖယ်တွေကိုလည်း စိတ်ဝင်စားတယ်လို့ ပြောဆိုခဲ့ပါတယ်။